
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၉-၂၀၁၈)ရက် (၀၈း၃၀)နာရီမှ (၁၀း၅၀)နာရီအထိ စစ်တွေမြို့လူစည်ကားရာ အဝေးပြေးကားဝင်း၌ မီးဘေး အသိပညာပေးဆိုင်းဘုတ်အား လည်းကောင်း၊ စစ်တွေမြို့၊ လမ်းဆုံလမ်းခွ လူစည်ကားရာ လောကနန္ဒာဘုရားရှေ့တွင် မုန်တိုင်းဘေး အသိပညာပေးဆိုင်းဘုတ် အားလည်းကောင်း စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#rke_sep2018
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)