
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ ဝက်ထီးကန်တိုက်နယ်၊ လွှစင်ကျေးရွာအုပ်စု၊ လယ်ဘဲ့ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း၌ (၂၇.၉.၂၀၁၈)ရက်နေ့၊ (၁၄း၀၀)နာရီအချိန်မှ (၁၅း၁၅)နာရီချိန်အထိ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့်ကျေး ရွာသူ/သားများ စုစုပေါင်းအင်အား(၂၀၀)ဦးကျော် တို့်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။ ယင်းပွဲ၌ ပြည်မြို့နယ်သဘာဝဘေးလျော့ပါးရေး(ဆင့်ပွား) သင်တန်းဆင်း-စေတနာ့ဝန်ထမ်းလူငယ်(၃)ဦးတို့ပူးပေါင်းပါဝင်ပြီး အသိပညာပေးဟောပြောခြင်း၊ လက်တွေ့သရုပ်ပြခြင်းနှင့် ဂိမ်းကစားခြင်းများဖြင့် ဆောင်ရန်/ရှောင်ရန်အချက်များကို သိသာထင်ရှားအောင်ဆောင်ရွက်ခဲ့ပြီး၊ အသိပညာပေးလက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခြောက်ထုပ်များ ပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#bgo_sep2018
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)