Author Archives: Aye Kyimann

  • သဘာဝအသိပညာပေးဟောပြောဆွေးနွေးမှု သတင်း

    လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၃.၃.၂၀၁၉)ရက်နေ့ နံနက် (၁၃း၀၀) နာရီမှ (၁၅း၀၀)နာရီအထိ မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန်အုပ်စု၊ ဝမ်နောင်ရွာ ပြည်သူလူထု (၁၀၀)ဦးအား သဘာဝအသိ ပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဟောပြောတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှု နှုန်းထားများ၊ ဘေးရှစ်မျိုး ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ်အတွင်း နေထိုင်ရမည့်အနေ အထား များအား လက်တွေ့သရုပ်ပြခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိရပါသည်။ #ar #shn_mar 2019 … Read more

  • တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှု သတင်း

    လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဘူးသီးတောင်မြို့၊ အမှတ်(၅)ရပ်ကွက်၊ ရန်အောင်မြင်ဘုန်းတော်ကြီးကျောင်း၌ ယာယီခိုလှုံနေထိုင်လျက်ရှိသည့် တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၈၂)စု၊ ကျား(၆၁)ဦး၊ မ(၁၉၅)ဦး၊ လူဦးရေ (၂၅၆)ဦးအား စားရိက္ခာ (၁၄)ရက်စာ၊ ဆန်(၃၇)အိတ်(၈)ပြည်၊ ဆီ(၄၄.၈)ပိဿာ၊ ဆား(၈.၉၆)ပိဿာ၊ ပဲ (၁၇၉.၂)ပိဿာတို့အား ဘူးသီးတောင်မြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့နှင့်အတူ ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #rke_mar 2019 Source:    ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝအသိပညာပေးဟောပြောဆွေးနွေးမှု သတင်း

    လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃.၃.၂၀၁၉) ရက်နေ့ နံနက် (၀၉း၀၀)နာရီမှ (၁၁း၀၀)နာရီအထိ မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန်အုပ်စု၊ စံပြရွာရှိ ပြည်သူလူထု (၈၀)ဦးအား သဘာဝအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဟောပြောတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေးရှစ်မျိုး ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ် အတွင်း နေထိုင်ရမည့် အနေအထား များအား လက်တွေ့သရုပ်ပြခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_mar 2019 Source:  မိုင်းပျဉ်းမြို့နယ် … Read more

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှု သတင်း

    ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅.၂.၂၀၁၉)ရက်နေ့ တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ကန်တော်ကျေးရွာ၌ မီးလောင်ပျက်စီးခဲ့သည့် အိမ်ခြေ(၆)လုံး၊ အိမ်ထောင်စု(၆)စုမှ လူဦးရေ (၂၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၄၆၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၅၄၆၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၆)အိမ်ထောင်စာတို့ အား (၁၅-၂-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ဒေသသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #sgg_feb2019 Source:  စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ရေကန်‌‌မြေသားပြုပြင်ပြီးစီးမှုအ‌‌ခြေအ‌နေအား ကွင်းဆင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖေ‌ဖော်ဝါရီလ (၁၅)ရက်‌‌နေ့တွင် ဖျာပုံမြို့နယ်၊ တင်ပလွှဲ‌ကျေးရွာအုပ်စု၊ ဓမင်‌းဆိပ်(Shelter)၌ ဧရာဝတီတိုင်‌း‌ဒေသကြီး လွှတ်‌‌တော်ကိုယ်စား လှယ်ဦးဘိုဘိုမင်‌း‌ဇော်၊ ဌာနဆိုင်ရာမှတာဝန်ရှိ သူများ၊ ရေကန်ပြုပြင်‌ရေးမြို့နယ်‌‌ကော်မတီ အဖွဲ့ဝင်များနှင်‌့အတူ ကျေးရွာအုပ်စုအတွင်‌းရှိ ပြည်သူများနှင်‌့လူထု‌တွေ့ဆုံပွဲကျင်‌းပခဲ့ပြီး (Shelter) အ‌နောက်ဖက်ရှိ ရေကန်‌‌မြေသားပြုပြင်ပြီးစီးမှုအ‌‌ခြေအ‌နေအား သွား‌ရောက်စစ်‌‌ဆေးကြည်‌့ရှူခဲ့ကြပါသည်။ အဆိုပါ‌ရေကန်‌ပြုပြင်မှုသည် တိုင်‌း‌ဒေသကြီးအစိုးရအဖွဲ့၏ သဘာဝ‌ဘေးခွင့်ပြုရန်ပုံ‌ငွေဖြင်‌့ပြုပြင်ခဲ့ခြင်‌းဖြစ်ပြီး သောက်‌‌ရေကန်အဖြစ် အသုံးပြုနိုင်သလို သက်ကယ်ကုန်‌းမြင်‌့အဖြစ်လည်‌းအသုံးပြုနိုင်ရန်တည်‌‌ဆောက်ထားခြင်‌းဖြစ်‌ကြောင်း သတင်းရရှိပါသည်။ #otr #ayy_feb2019 Source:  ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅.၂.၂၀၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီ အချိန်တွင် ကြို့ပင်ကောက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမတွင် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးဝန်ထမ်းများ စုစုပေါင်းအင်အား (၁၅၀)ဦး ခန့်အား ဦးစီးဌာနလုပ်ငန်းဆောင်ရွက် မှုများအကြောင်း ရှင်းလင်းပြီး သဘာဝဘေး အန္တရာယ်အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခဲ့ ကြောင်း လက်ကမ်းစာစောင်များ၊ ဗွီနိုင်းပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_feb2019 Source:  မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၁၄-၂-၂၀၁၉)ရက်နေ့ (၁၅းဝဝ)နာရီအချိန်မှ (၁၆းဝဝ)နာရီအချိန်ထိ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ (၂၃)ရပ်ကွက်ရှိ ကျေးရွာသူ/သား(၁၅၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်များအား အသိ ပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗီနိုင်းပိုစတာများ ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_feb2019 Source:  ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့် ပူးပေါင်း၍၊ (၁၈-၁-၂၀၁၉) နံနက် (၀၉း၃၀)အချိန်တွင် မြဝတီမြို့နယ်၊ ကျော်ခိုးကျေးရွာ၊ ဓမ္မာရုံတွင် ကျော်ခိုးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများအပါအဝင် ကျေးရွာသူ၊ ကျေးရွာသားများ (၁၀၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်အလက် များဟောပြောခဲ့ပြီး အသိ ပညာပေး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_jan2019 Source:   မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events