Author Archives: Aye Kyimann
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တို့နှင့် ပူးပေါင်း၍ (၁၃-၁-၂၀၁၉)ရက်နေ့၊ (၁၁:၀၀) နာဲရီအချိန်တွင် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကွမ်းခြံ ကုန်းကျေးရွာအုပ်စု၊ မဲဇလီကျေးရွာတွင် ကျေးရွာပြည်သူ (၇၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ဆောင် ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_jan2019 Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးနှင့် အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးစီမံချက်ရေးဆွဲနိုင်ရေးအတွက် အကြို ညှိနှိုင်းအစည်းအဝေး ကျင်းပပြု လုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများဦးဆောင်၍ (၈-၁-၂၀၁၉)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးနှင့် အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေးစီမံချက်ရေးဆွဲနိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးမှ အဖွင့်အမှာ စကားပြောကြားပြီး တိုင်းဒေသကြီးဦးစီးမှူးမှ အစည်း အဝေးခေါ်ယူကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခြင်း၊ တက်ရောက်လာသော တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ NGO/INGO အဖွဲ့အစည်းများမှ စီမံချက်အကောင် … Read more
-
” အားကောင်းသောမုန်တိုင်းငယ်သတင်း” (၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်၊ မြန်မာစံတော်ချိန် (၁၆:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
================================================= အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၈/၂၀၁၉) အားကောင်းသောမုန်တိုင်းငယ်အခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၁၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီ ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း”ပါဘက်”(Pabuk)သည် အားကောင်းသောမုန်တိုင်းငယ်(Deep Depression) အဖြစ်သို့ အားလျော့သွား ခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ တောင်-အနောက်တောင်ဘက် မိုင်(၁၆၀)ခန့်၊ ဟိုင်းကြီးကျွန်း (Hainggyikyun)၏ တောင်-အနောက်တောင်ဘက် မိုင်(၂၈၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားမြို့(Port Blair)၏ တောင်-အရှေ့တောင် ဘက် (၁၀)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ (ခ) အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ … Read more
-
” ဆိုင်ကလုန်းမုန်တိုင်းသတင်း” (၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်၊ မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
=========================================== ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၇/၂၀၁၉) ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ် ပြင်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ပါဘက်”(Pabuk)သည် မြန်မာ နိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ တောင်-အနောက်တောင်ဘက် မိုင်(၁၇၀) ခန့်၊ ဟိုင်းကြီးကျွန်း (Hainggyikyun)၏ တောင်-အနောက်တောင်ဘက် မိုင်(၂၉၀) ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားမြို့(Port Blair)၏ အရှေ့တောင်ဘက် (၂၅)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ (ခ) ဆိုင်ကလုန်းမုန်တိုင်း “ပါဘက်”(Pabuk)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ ဘက်သို့ … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မင်းဘူးမြို့နယ်အတွင်းရှိ ကမ်းပါးပြိုကျမှု ဒဏ်ခံစားရသော ပြည်သူများနှင့်တွေ့ ဆုံခြင်းနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများဆောင်ရွက်မှုသတင်း
မကွေး၊ ဇန်နဝါရီ ၅ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး သည် ယနေ့မွန်းလွဲပိုင်းက မကွေး တိုင်းဒေသကြီး မင်းဘူးမြို့နယ်တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုဒဏ်ခံစားရသော နိဗ္ဗာန်ကျွန်းကျေးရွာနှင့် မုန်းကျိုးကျေးရွာ များသို့ ရောက်ရှိပြီး ကမ်းပါးပြိုကျမှုကြောင့် ကျေးရွာများပြောင်းရွှေ့နေရမှုအခြေအနေ၊ ကြိုတင်ကာကွယ်ရေးအတွက် မြစ်ကမ်းပါးထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက် နိုင်မည့်အခြေအနေများ ကို ကြည့်ရှုပြီး မင်းဘူးမြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ ကျေးရွာသူကျေးရွာသား များ၊ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဧရာဝတီမြစ်ရေတိုက်စား မှုကြောင့် ၂၀၁၃ ခုနှစ်တွင် အိမ်ခြေ … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၆-၁-၂၀၁၉)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့်အတူ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူတို့လိုက်ပါ၍ ဖျာပုံမြို့နယ်၊ ချောင်းဝကျေးရွာ၌ (၃-၁-၂၀၁၉)နေ့မီးဘေးဖြစ်စဉ်ကြောင့် ဘေးကြုံတွေ့ခဲ့ရသည့် မီးဘေးသင့်အိမ်ခြေ (၁၇၈)လုံး၊ အိမ်ထောင်စု(၁၇၈)စု၊ လူဦးရေ (၉၁၂)ဦးတို့အတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ စုစုပေါင်းထောက်ပံ့မှုတန်ဖိုးငွေ သိန်း(၇၈၀)ကျော်ရှိသော ဆန်ရိက္ခာ (၁)လစာ၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ တာပေါ်လင်လိပ်၊ အိမ်အမိုးသွပ်၊ ဆိုလာမီးအိမ်၊ ကျားလုံချည်၊ မလုံချည်၊ ခြင်ထောင်၊ စောင်၊ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်စသည်တို့အား ထောက်ပံ့ပေးအပ်ပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများ ကြည့်ရှုအားပေးစကားများပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။ #hl1_ha_fir #ayy_jan2019 … Read more
-
ထူးခြားမိုးလေဝသအခြေအနေသတင်းအမှတ်စဉ်(၀၇/၂၀၁၉)
“ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက် များအရ ထိုင်းနိုင်ငံကို ဖြတ်ကျော်နေသော အပူပိုင်းမုန်တိုင်း “ပါဘက်” (Pabuk)သည် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ (Kawthaung)၏တောင်-အရှေ့တောင်ဘက် မိုင်(၉၀)ခန့်၊ ကိုကိုး ကျွန်းမြို့ (Coco Island)၏ အရှေ့တောင်ဘက် မိုင်(၄၆၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားမြို့ (Port Blair)၏ အရှေ့တောင်ဘက် မိုင်(၄၀၀)ခန့်အကွာ၊ ထိုင်းနိုင်ငံ အေအိုးလိခ်မြို့(Ao Luek)အနီးမှ ဆက်လက်ဖြတ်ကျော်လျှက်ရှိပါသည်။” အပူပိုင်းမုန်တိုင်း၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် =================================== လေတိုက်နှုန်း ========= အဆိုပါ အပူပိုင်းမုန်တိုင်း”ပါဘက်”(Pabuk)သည် မြန်မာစံတော်ချိန် (၀၆:၃၀)နာရီ အချိန်တွင် မြောက်လတ္တီကျု … Read more
-
ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၁/၂၀၁၉)
ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ထိုင်းနိုင်ငံ ကမ်းရိုးတန်းကို ဖြတ်ကျော် ဝင်ရောက်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း “ပါဘက်” (Pabuk)သည် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့(Kawthaung)၏ အနောက်တောင် ဘက်(၆၅)မိုင်ခန့်၊ ကိုကိုးကျွန်းမြို့ (Coco Island)၏ အရှေ့တောင် ဘက် မိုင် (၃၉၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားမြို့(Port Blair)၏ အရှေ့တောင်ဘက် (၃၃၅) မိုင်ခန့်အကွာပင်လယ်ပြင်ကို ဗဟိုပြုနေ ပါသည်။ (ခ) ဆိုင်ကလုန်းမုန်တိုင်း “ပါဘက်” (Pabuk)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် … Read more
-
” ထူးခြားမိုးလေဝသအခြေအနေသတင်း”(၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်၊ မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
=========================================== ထူးခြားမိုးလေဝသအခြေအနေသတင်း အမှတ်စဉ်(၀၁/၂၀၁၉) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း”ပါဘက်”(Pabuk)သည် ထိုင်းနိုင်ငံ၊ နခွန်စီသမာရက်မြို့(Nakhon Si Thammarat)၏ အရှေ့တောင်ဘက် (၂၉၅)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ကော့သောင်းမြို့၏ အရှေ့တောင်ဘက် မိုင်(၄၁၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ အပူပိုင်းမုန်တိုင်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ ကုန်းတွင်းသို့ မြန်မာနိုင်ငံ၊ ကော့သောင်းမြို့၏ တောင်ဘက်ရှိ နခွန်စီသမာရက်မြို့(ထိုင်းနိုင်ငံ)အနီးမှ ဖြတ်ကျော်ဝင်ရောက်ပြီး ကပ္ပလီပင်လယ်ပြင်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ သတိပေးနှိုးဆော်ချက် ——————————— အဆိုပါ အပူပိုင်းမုန်တိုင်း”ပါဘက်”(Pabuk)၏ အရှိန်ကြောင့် … Read more
-
Public Talk ပြည်သူ့စကားဝိုင်းကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၁၂.၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၃၀)အချိန်၌ မြဝတီမြို့နယ်၊ ဝေါလေ မြိုင်မြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် Public Talk (ပြည်သူ့စကားဝိုင်း) အခမ်းအနားတွင် ပါဝင်ဆွေးနွေးခဲ့ကြသည်။ အခမ်းအနားတွင် မြဝတီခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးး၊ ဝေါလေမြိုင်မြို့အုပ်ချုပ်ရေးမှူး၊ ဝေါလေမြိုင်မြို့ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ပြန်ကြားရေး နှင့်ပြည်သူဆက်ဆံ ရေးဦးစီးဌာနမှ ဦးစီးအရာရှိတို့မှလူငယ်နှင့် သဘာဝပတ်ဝန်းကျင်ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြပြီးနောက် တက်ရောက်လာသူ ကျောင်းသား၊ ကျောင်းသူနှင့်ပြည်သူများမှ ပြန်လည်ဆွေးနွေးခဲ့ကြပြီး … Read more
