
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင် ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ နယ်မြေ(၁)၊ ကျောက်တောင်ရပ်တွင် (၃၁-၃-၂၀၁၉)ရက်နေ့ ၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၇၀,၀၀၀/-)ကျပ်အား (၂-၄-၂၀၁၉)ရက်နေ့ တွင် ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့မိ/မြို့ဖများနှင့်အတူ ပြည်သူများလက် ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#shn_apr2019
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)