လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း

3_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊  ကလေးခရိုင်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်အတွင်း (၃၁.၃.၂၀၁၉)ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် သွပ်များအမိုးလန်ပျက်စီးခဲ့သော အိမ်ခြေ(၇၄)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၅)မျိုး အိမ်ထောင်စု(၇၄)စုစာနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂,၀၀၅,၀၀၀/-)ကျပ်တိတိတို့အား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းလွှတ်တော်ကိုယ်စားလှယ်၊ ကလေးဝမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌတို့နှင့်အတူ ကလေးဝမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ (၂.၄.၂၀၁၉)ရက်နေ့ (၁၃းဝဝ)နာရီအချိန်တွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw
#sgg_apr2019
Source:  ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events