
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်၊ ပြရေကျေးရွာအုပ်စု၊ စက်တောင်ကျေးရွာတွင် (၁.၄.၂၀၁၉)ရက်နေ့၊ (၂၀း၀၀)နာရီအချိန်၌ လေပြင်းတိုက်ခတ် မှုကြောင့် နေအိမ်(၃)လုံးအမိုးလန်ခဲ့ပြီး အိမ်ထောင်စု(၃)စု၊ လူဦးရေ စုစုပေါင်း(၁၅)ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦး ရေ (၁၅)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၃၁,၅၀၀/-)ကျပ်နှင့် နေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၂၀,၀၀၀/-)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၁၅၁,၅၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၃)အိမ်ထာင်စာတို့အား (၃.၄.၂၀၁၉)ရက်နေ့တွင် သရက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် ကျေးရွာစာရေးလက်ဝယ်သို့ လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_apr2019
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)