လေပြင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

3_Pic_01 3_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုကာလဖြစ်သော ဧပြီ၊ မေ ကာလများတွင် လေပြင်းများ ကျရောက်နိုင်သဖြင့် (၃-၄-၂၀၁၉) ရက်နေ့၌ ပင်းတယမြို့နယ်၊ အိုးကုန်းကျေးရွာနှင့် အိမ်ပုကျေးရွာများတွင် လေပြင်းဘေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် လေပြင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများဖြစ်သော လေဘေးဒဏ်ခံနိုင်ရည်ရှိသည့် လူနေအိမ်များဖြစ်စေရေး အတွက် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကျေးရွာစာရေးများ၊ ကျေးရွာပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါပြီး ဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင် များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#ar_sgw
#shn_apr2019
Source:  ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events