လေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်မှုသတင်း

3_Pic_01 3_Pic_02 3_Pic_03
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် (၁∕၂-၄-၂၀၁၉)ရက်နေ့ များတွင် နွေဦးရာသီအတွင်း နှစ်စဉ်လေပြင်းဘေးအန္တရာယ်ကြုံတွေ့ရသော ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများ၌ သဘာဝဘေးအန္တရာယ် များကြောင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ပစ္စည်းများ ဆုံးရှုံးမှုလျှော့နည်းရန်အတွက် လေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းအသိပညာပေးလုပ်ငန်းများအပြင် လေဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းစီမံချက်ကိုလည်း လက်တွေ့စီမံခန့်ခွဲဆောင်ရွက်လျက်ရှိပါသည်၊၊ လုပ်ငန်းဆောင်ရွက်ရာတွင် Dry Zone Network မှ CBO ဦးရဲထွဋ်၊ Pakokku CSOs Platform၊ ပုညမုဒိတာ ကျန်းမာရေး ကူညီထောက်ပံ့မှုနှင့် သွေးလှူအသင်း၊ မိတ်ဖက် အဖွဲ့အစည်းများ၊ မကျည်း ပင်ပုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးညွှန့်ဝင်းနှင့်အတူ  ဒေသခံပြည်သူများလည်း ဝိုင်းဝန်းပူးပေါင်း၍ လေဘေးကြိုတင်ကာကွယ် ရေးလုပ်ငန်းအား မိတ်ဆက်ရှင်းလင်းခြင်းနှင့် သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပြီး  လေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် အိမ်ခြေ(၃၀) အတွက် အိမ်ဆောက် ပစ္စည်း ဖိုး (၄၅၀၀၀၀∕-)(ကျပ်လေးသိန်းငါးသောင်းတိတိ)၊ သဘာဝဘေးအန္တရာယ် အသိပညာပေး ဗွီဒီယိုဇာတ်လမ်းအခွေများနှင့် အသိပညာပေး လက်ကမ်းစာစောင်များအား ဒေသခံပြည်သူ များ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်၊၊
ပခုက္ကူမြို့နယ်၊ မကျည်းပင်ပုကျေးရွာအုပ်စု၊ ဆိပ်ကမ်းသာယာကျေးရွာတွင် နေထိုင်သည့် ထိခိုက်လွယ် အုပ်စုဖြစ်သော အဖိုး ဦးပိုက်နှင့် အဖွားဒေါ်စန်းညွှန့်၏ နေအိမ်အား တောင့်တင်းခိုင်မာပြီး ဘေးကင်းလုံခြုံကောင်းမွန်အောင် ဝိုင်းဝန်းပြုပြင် ဆောင်ရွက်ခဲ့ကြပါသည်၊၊

#ha_sgw
#mgy_apr2019

Source:  ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events