Author Archives: Aye Kyimann

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၁၄-၂-၂၀၁၉)ရက်နေ့ (၁၅းဝဝ)နာရီအချိန်မှ (၁၆းဝဝ)နာရီအချိန်ထိ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ (၂၃)ရပ်ကွက်ရှိ ကျေးရွာသူ/သား(၁၅၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်များအား အသိ ပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗီနိုင်းပိုစတာများ ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_feb2019 Source:  ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့် ပူးပေါင်း၍၊ (၁၈-၁-၂၀၁၉) နံနက် (၀၉း၃၀)အချိန်တွင် မြဝတီမြို့နယ်၊ ကျော်ခိုးကျေးရွာ၊ ဓမ္မာရုံတွင် ကျော်ခိုးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများအပါအဝင် ကျေးရွာသူ၊ ကျေးရွာသားများ (၁၀၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်အလက် များဟောပြောခဲ့ပြီး အသိ ပညာပေး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_jan2019 Source:   မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညှင်းမြို့၊ အောင်သပြေ(၃)ရပ်ကွက်တွင် (၃၁-၁၂-၂၀၁၈)ရက် (၁၄း၂၅)အချိန်၌ အိမ်ရှင်ဒေါ်သန်းသန်းမိုး(၄၉)နှစ်(ဘ) ဦးပေါ်လီသည် တီဗွီသွားကြည့်နေစဉ် လျှပ်စစ်ဟင်းအိုးမှတဆင့် အပူလွန်ကဲ၍ ရှော့ဖြစ်ကာထရံသို့ မီးကူးစက်လောင် ကျွမ်းမှုဖြစ်ပွားခဲ့ရာဘေးသင့်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)၊ လူဦးရေ(၃)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၁)အိမ်ထောင်စုစာ၊ ဆန်ရိက္ခာဖိုး(၆၃၀ဝ/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝ/-)၊ စုစုပေါင်း(၁၀၆၃၀ဝ/-)ကျပ်တို့အား (၁၅-၁-၂၁၉)ရက်နေ့ အောင်သပြေ(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #kcn_jan2019 Source:  မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်တွင် ကမ်းပြိုဘေးသင့် အိမ်ထောင်စုများအား မအူပင်မြို့နယ်၊ ထနီးကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၌ (၂-၁-၂၀၁၉)ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက် သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁)လုံး အိမိထောင်စု (၁)စုအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၀)မျိုး အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ (၈၄၀၀/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၀၈၄၀၀/-)ကျပ်ကိုလည်းကောင်း၊ မအူပင်မြို့နယ်၊ တလုပ်လပ်ကျေးရွာအုပ်စု၊ တလုပ်လပ် အလယ်ပိုင်း ကျေးရွာ၌ … Read more

  • ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၌ ကမ်းပြိုဘေးသင့် အိမ်ထောင်စုများအား ပြည်သူ့လွှတ်တော်ကိုယ်စား၊ မြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ်မီးသတ်ဦးစီးမှူးတို့နှင့်အတူ ပူးပေါင်း၍ မြို့နယ်အစည်းအဝေးခန်းမ၌ (၁)ညောင်တုန်းမြို့နယ်၊ ဝဲဒေါင့်ကျေးရွာအုပ်စု၊ ရေလဲကမ်းနား ကျေးရွာ၌ (၃-၁-၂၀၁၉) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် မျောပါပျက်စီးခဲ့သည့် နေအိမ် (၂)လုံး အိမ်ထောင်စု (၂)စုအတွက် အိမ်ထောင်စု တစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းလူဦးရေ (၈)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ (၁၆၈၀၀/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၂၁၆၈၀၀/-)ကျပ်ကိုလည်းကောင်း၊ … Read more

  • ကယ်ဆယ်ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်မှု သတင်း

    (၁၅-၁-၂၀၁၉)ရက်နေ့တွင် နိုင်ငံတော် အတိုင်ပင်ခံရုံး၊ ဝန်ကြီးဦးကျော်တင့်ဆွေနှင့် တကွ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေရှီးမြို့၌ ကျင်းပသော နာဂရိုးရာနှစ်သစ်ကူးပွဲတော်တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြို့နယ်(၃)မြို့နယ်အတွက် ထောက်ပံ့ပေးမည့် ကယ်ဆယ်ရေးပစ္စည်းများအား နာဂဒေသဦးစီး၊ ဥက္ကဌ ဦးကေဆိုင်ထံသို့ (၁၅-၁-၂၀၁၉) ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #sgg_jan2019 Source:   စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ (၁၄-၁-၂၀၁၉)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် မော်လမြိုင်ကျွန်းမြို့၊ ချမ်းမြေ့သာယာ၊ အခြေခံ ပညာမူလ တန်းကျောင်း၌ ဆရာ/ဆရာမ (၁၀) ဦးခန့်၊ ကျောင်းသား/ ကျောင်းသူ (၃၂၀) ဦးခန့်၊ စုစုပေါင်း (၃၃၀)ဦးခန့်အား သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော ပွဲဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာစောင် များဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_jan2019 … Read more

  • လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၈-၁-၂၀၁၉)ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာတွင် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် နေအိမ် (၂)လုံးမှ အိမ်ထောင်စု (၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုးပါ (၂)အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁)သိန်းစီ၊ ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၁)အိမ်ထောင်စာ နှင့်အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁)သိန်း၊ ဘေးသင့်လူဦးရေ (၂၄)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁)ဦးလျှင် (၂၁၀၀/-)ကျပ်နှုန်းဖြင့် (၅၀၄၀၀/-)ကျပ်၊ သစ်ပင်ပိမိ၍ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ(၁)ဦးအတွက် (၅၀၀၀၀/-)ကျပ်၊ … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၃-၁-၂၀၁၉) ရက်နေ့၊ (၁၃:၃၀) နာရီအချိန်တွင် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မဲဇလီဦးတိုကျေးရွာ အုပ်စု၊ ကျော်နုကျေးရွာတွင် ကျေးရွာပြည်သူ (၅၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာစောင်များဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_jan2019 Source:    မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events