Author Archives: Aye Kyimann

  • သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေး ပွဲပြုလုပ်ကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ဆက်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၄.၆.၂၀၁၉)ရက်နေ့ (၁၀း၀၀)နာရီတွင် ကော့ကရိတ်မြို့နယ်၊ ဝဲကင်းအံကျေးရွာ အ.လ.က ဝဲကင်း အံကျာင်းမှ ဆရာ/မနှင့် ကျောင်းသား/သူ (၁၅၀)ဦးခန့်အား သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောခဲ့ပြီး လက်ကမ်း စာစောင်များအားဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_jun2019 Source:  ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၁၉)ရက်နေ့၊ (၂၂-၅-၂၀၁၉)ရက်နေ့နှင့် (၂၄-၅-၂၀၁၉)ရက်နေ့၌ သာယာဝတီခရိုင်၊ ကြို့ပင်ကောက် မြို့နယ်၊ ကျေးရွာအုပ်စု(၇)စု၊ ကျေးရွာ(၁၆)ရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ်(၅)လုံးနှင့် အမိုးလန်နေအိမ်(၇၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃,၀၆၅,၀၀၀)ကျပ်၊ ပြိုလဲအိမ်ထောင်စု(၅)စုရှိ လူဦးရေ(၁၆)ဦးတို့အတွက် ဆန်ရိက္ခာ ဖိုးထောက်ပံငွေ (၃၃,၆၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃,၀၉၈,၆၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(ပလပ်စတစ်ပုံးအပါ)(၅)အိမ်ထောင်စာအား (၄-၆-၂၀၁၉)ရက်နေ့ (၁၂းဝဝ)နာရီအချိန်တွင် ကြို့ပင်ကောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကြို့ပင်ကောက်မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးပွဲပြုလုပ်ကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄.၆.၂၀၁၉)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှ (၁၁:၀၀)နာရီအထိ မော်လမြိုင်မြို့နယ်၊ ဖားအောက်ကျေးရွာ အုပ်ချုပ်ရေး မှူးရုံးတွင် ပြည်သူလူထု(၅၀)ဦးခန့် အား သဘာဝဘေးအသိ ပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ ကြောင်း သတင်းရရှိပါသည်။ #ar #mon_jun2019 Source:  မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • ထီးလင်းမြို့နယ်အတွင်း မိုးကြိုးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ထီးလင်းမြို့နယ်၊ ထလင်းကျေးရွာအုပ်စု၊ထလင်းကျေးရွာ၌ (၂.၆.၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်အား (၄.၆.၂၀၁၉)ရက်နေ့ (၁၀း၃၅)နာရီအချိန်တွင် ထီးလင်း မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ မိုးကြိုးဘေးသင့် သေဆုံးသူ၏ မိသားစုလက်ဝယ်အရောက် သွားရောက်ထာက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ #ha_tls #mgy_jun2019 Source:       ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးနှင့် ပတ်သက်သည့်ညှိနှိုင်း အစည်းအဝေးပြုလုပ်ကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၆-၂၀၁၉)ရက်နေ့တွင် ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖျာပုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ဖျာပုံမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ဖျာပုံမြို့နယ် နောက်မီးကျေးရွာ အုပ်စု၊ ဥပေကျေးရွာ ရာအိမ်မှူးများပါဝင်သော ဥပေကျေးရွာတွင် ကမ်းပါးပြိုဘေးဖြစ်ပွားမှုကြောင့် လူနေအိမ်များကြိုတင်ပြောင်းရွှေ့မည့် အစီအမံများနှင့်ပတ်သက်၍လည်းကောင်း၊ ကမ်းပြိုဘေးဆက်လက်မဖြစ်ပွားစေရေး ရှေ့ဆက်ဆောင်ရွက်မည့်ကိစ္စများ၊ ဖျာပုံမြို့နယ် ဗျိုင်းကဇီး ကျေးရွာ မီးဘေးတွင် မျိုးစပါးများဆုံးရှုံးမှုအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့ပေးမည့်အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်း သည့် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ရာ ဦးစီးဌာန အနေဖြင့် ကမ်းပြိုဘေးကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့ပေးနေသည့် နှုန်း ထားများကို … Read more

  • လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၅-၂၀၁၉)ရက်နေ့နှင့် (၂၉-၅-၂၀၁၉)ရက်နေ့၌ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ကျေးရွာအုပ်စု(၂)စု၊ ကျေးရွာ(၂)ရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန်နေအိမ်(၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၉၄,ဝဝဝ)ကျပ်အား (၄-၆-၂၀၁၉)ရက်နေ့ (၀၉းဝဝ)နာရီအချိန်တွင် သာယာဝတီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိ သူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ha_sgw #bgo_jun2019 Source:   ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ဒဏ်ရာရလူနာအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၆.၂၀၁၉)ရက်နေ့၌ မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာမှ သေနတ်ဒဏ်ရာရရှိခဲ့သည့် မနှင်းဝင်းရီအတွက် ဒဏ်ရာရ ထောက်ပံ့ငွေ (၅၀,၀၀ဝ/-)ကျပ်အား စစ်တွေမြို့၊ ပြည်သူ့ဆေးရုံကြီး၌ (၃.၆.၂၀၁၉)ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #rke_jun2019 Source:  ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)  

  • ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးသင်တန်းဖွင့်ပွဲ အခမ်းအနားပြု လုပ်ကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု သင်တန်းကျောင်း၊ ဟင်္သာတမြို့၌ (၃.၆.၂၀၁၉)နေ့ နံနက်(၀၈း၃၀)နာရီအချိန်တွင် ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးသင်တန်းဖွင့်ပွဲ အခမ်း အနားပြုလုပ်ခဲ့ရာ သင်တန်းကျောင်းကျောင်း အုပ်ကြီးမှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး UNDPမှ တာဝန်ရှိသူများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/ သင်တန်းသူ(၄၃)ဦးအပါအဝင် စုစုပေါင်း (၅၀)ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_eqk #ayy_jun2019 Source:  DMTC (ဘစမ)

Sign Up

Upcoming Events