Author Archives: Aye Kyimann

  • သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၆-၂၀၁၉)ရက်နေ့ နံနက် (၉း၃၀)နာရီမှ (၁၁း၃၀)နာရီထိ အ-ထ-က မိုင်းဖြတ်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ (၂၀၀)ဦးအား သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး  အသိပညာပေးလက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာများ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jun2019 Source:  မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲနှင့် မုန်တိုင်းဘေးဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံး(ဘစမ)၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)မှ တာဝန်ရှိသူများနှင့် ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများပူးပေါင်း၍ (၁၁-၆-၂၀၁၉) ရက်နေ့တွင် သာပေါင်းမြို့နယ်၊ ကညင်ပင်ကျေးရွာအုပ်စု၊ ကညင်ပင်ကျေးရွာ၌ ကျေးရွာသူ၊ ကျေးရွာသား (၁၀၀)ဦးခန့်ဖြင့် သဘာဝဘေး လျော့ပါးရေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး မုန်တိုင်းဘေး ဇာတ်တိုက်လေ့ကျင့်ခန်းများလည်း ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #simex_str #ayy_jun2019 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေး၊ လေဘေးနှင့် မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကမ်းပြို၊ လေပြင်း၊ မိုးကြိုးဘေးများကြောင့် (မအူပင်၊ ဓနုဖြူ၊ ပန်းတနော်) မြို့နယ်တို့တွင် နေအိမ်များပြိုကျခြင်း အမိုးလန် ပျက်စီးခြင်း ကြိုတင်ရွှေ့ပြောင်းခြင်း သေဆုံးခြင်းများဖြစ်ပွားခဲ့ပါသဖြင့် (၁၁.၆.၂၀၁၉)ရက်နေ့တွင် ကယ်ဆယ်ရေးပစ္စည်းနှင့် ကယ်ဆယ်ရေး ရန်ပုံငွေများအား မအူပင်မြို့နယ်၊ အောင်ထုံးကျေးရွာအုပ်စု မရမ်းစုကျေးရွာ၌ (၁.၆.၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့သည့် နေအိမ်(၂၇)လုံး အိမ်ထောင်စု(၂၇)စုအတွက် အိမ်ထောင်စုတစ်စုလျှင် (၁၀၀,၀၀၀/-) ကျပ်နှုန်းဖြင့် (၂,၇၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်းလူဦးရေ (၁၁၀)ဦးအတွက် ဆန်ရိက္ခာပစ္စည်းဖိုး (၂၃၁,၀၀၀/-)ကျပ်၊ … Read more

  • သထုံခရိုင်ဦးစီးမှူးရုံးမှ လေဘေးနှင့် မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁.၆.၂၀၁၉)ရက်နေ့၊ (၀၂း၀၀)နာရီခန့်တွင် ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာအုပ်စု၊ သင်ပေါင်းချောင်ကျေးရွာတွင် မိုးပန်းကုန်းကျေးရွာအုပ်စု၊ လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)၊ လူဦးရေ (၅)ဦးအတွက် (၇)စာ ဆန်ဖိုးငွေ(၁၀,၅၀၀/-)ကျပ်၊ စုစုပေါင်း(၁၁၀,၅၀၀/-) အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး၊ တန်ဖိုးငွေ(၁၈,၅၁၀/-) နှင့် (၁၁.၆.၂၁၉)ရက်နေ့၊ (၀၄း၃၀)နာရီခန့်တွင် ပေါင်မြို့နယ်၊ ဝဲပတန်ကျေးရွာအနီး ပင်လယ်ပြင်တွင် ငါးဖမ်းထွက်စဉ် မိုးကြိုးပစ်ချမှုကြောင့် မိုးကြိုးစက်ကွင်းထိမှန်၍ဒဏ်ရာရရှိခဲ့သူ အမျိုးသား(၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀/-)ကျပ်တို့အား ဘေးသင့်ပြည်သူများထံသို့ (၁၁.၆.၂၀၁၉)ရက်နေ့တွင် … Read more

  • ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ ပျော့ကန်ကျေးရွာအုပ်စု၊ ပျော့ကန်ကျေးရွာတွင် (၁၁-၆-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့ သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) အိမ်၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၄,၂၀၀/-) ၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၀၀,၀၀၀/-) ၊ စုစုပေါင်းရန်ပုံငွေ (၁၀၄,၂၀၀/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စာတို့အား … Read more

  • ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းအောက်ရုံအလတ်ချောင်းရပ်ကွက်၊ အလတ်ချောင်းအပိုင်၊ သီဟဗလ(၁၂)လမ်းနေ ဦးကိုကိုလွင်၏ သားဖြစ်သူ မောင်သဲမောင် (၁၃)နှစ်သည် (၂၄.၅.၂၀၁၉)ရက်နေ့ (၁ရး၀၀) နာရီအချိန်ခန့်တွင် ဘောလုံးကစားနေစဉ် မိုးကြိုးစက်ကွင်းထိမှန်ခဲ့သဖြင့် ရန်ကုန်အနောက်ပိုင်းဆေးရုံသို့ပို့ဆောင်ကာ (၂၅.၅.၂၀၁၉)ရက်နေ့ (၀၆း၅၅)နာရီတွင် သေဆုံးသွားသဖြင့် (၁၁.၆.၂၀၁၉)ရက်နေ့တွင် ကျန်ရစ်သူမိသားစုထံသို့ သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်ကို သက်ဆိုင်ရာမြို့နယ်ထွေအုပ်နှင့်အတူ သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #ayy_jun2019 Source:  ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၆-၂၀၁၉)ရက်နေ့ (၁၅း၄၅)နာရီအချိန်၌ တန့်ဆည်မြို့နယ်၊ ရွာရှည်(မ)ကျေးရွာအုပ်စု(ဝက်တိုးကျေးရွာ)တွင် ဖြစ်ပွား ခဲ့သော မီးဘေးကြောင့် မီးဘေးသင့် နေအိမ်(၁)လုံး၊ မိသားစု(၁)စုမှလူဦးရေ (၁၀)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၂၁,၀၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၂၁၀၀၀/-)ကျပ်တို့ကို (၁၁-၆-၂၀၁၉)ရက်နေ့ (၁၁း၀၀)နာရီအချိန်တွင် တန့်ဆည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းအတွင်း၌ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #sgg_jun2019 Source:  ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ပြည်ခရိုင်ဦးစီးမှူးရုံးမှ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)တို့ပူးပေါင်း၍ (၁၁.၆.၂၀၁၉)ရက်နေ့ (၀၉း၀၀)နာရီအချိန်တွင် ပန်းတောင်းမြို့နယ်၊ ဆင်တဲကျေးရွာအုပ်စု အင်းဝင်းကျေးရွာနှင့် ပုတီးတောကျေးရွာတို့တွင် သောက်သုံးရေရှားပါးနေသည့် အိမ်ခြေအိမ်ထောင်စု (၁၂၄) အိမ်ထောင်စုတို့အတွက် သုံးရေဂါလံ (၁၂၀၀)၊ သောက်ရေသန့် (၂၀)လီတာဗူး (၂၄၈)ဗူးတို့အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိပါသည်။ #ha_drg #bgo_jun2019 Source:  ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဆိုင်းဘုတ်များစိုက်ထူပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် World Vision တို့ပူးပေါင်း၍ (၁၁-၆-၂၀၁၉)ရက်နေ့တွင် ကော့သောင်းမြို့နယ်၊ ရွှေဇင်ယော်ရပ်ကွက်နှင့် အေးရိပ်ငြိမ်ရပ်ကွက်တို့တွင် သဘာဝဘေးအသိပညာပေးဆိုင်းဘုတ်များစိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #tny_jun2019 Source:  ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၆-၂၀၁၉)ရက်နေ့ ကော့သောင်းမြို့နယ်၊ ချန်းဖန်းကျေးရွာအုပ်စု၊ ဘန်နွားကျေးရွာတွင် ဖြစ်ပွားသည့် မိုးသက်လေပြင်းဘေးကြောင့် ဘေးသင့်အိမ်ခြေ(၂)၊ အိမ်ထောင်စု(၂)၊ လူဦးရေ(၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးနှင့် ထောက်ပံ့ငွေ (၁၆၀,၀၀၀/-)ကျပ်တို့အား (၉-၆-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #tny_jun2019 Source:  ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events