မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေး၊ လေဘေးနှင့် မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း

12_Pic_01 12_Pic_02 12_Pic_03

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ

တာဝန်ရှိသူများသည် ကမ်းပြို၊ လေပြင်း၊ မိုးကြိုးဘေးများကြောင့် (မအူပင်၊ ဓနုဖြူ၊ ပန်းတနော်) မြို့နယ်တို့တွင် နေအိမ်များပြိုကျခြင်း အမိုးလန် ပျက်စီးခြင်း ကြိုတင်ရွှေ့ပြောင်းခြင်း သေဆုံးခြင်းများဖြစ်ပွားခဲ့ပါသဖြင့် (၁၁.၆.၂၀၁၉)ရက်နေ့တွင် ကယ်ဆယ်ရေးပစ္စည်းနှင့် ကယ်ဆယ်ရေး ရန်ပုံငွေများအား မအူပင်မြို့နယ်၊ အောင်ထုံးကျေးရွာအုပ်စု မရမ်းစုကျေးရွာ၌ (၁.၆.၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့သည့် နေအိမ်(၂၇)လုံး အိမ်ထောင်စု(၂၇)စုအတွက် အိမ်ထောင်စုတစ်စုလျှင် (၁၀၀,၀၀၀/-) ကျပ်နှုန်းဖြင့် (၂,၇၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်းလူဦးရေ (၁၁၀)ဦးအတွက် ဆန်ရိက္ခာပစ္စည်းဖိုး (၂၃၁,၀၀၀/-)ကျပ်၊ ကယ်ဆယ်ရေးရန်ပုံငွေပေါင်း (၂,၉၃၁,၀၀၀/-) ကျပ်အား (၁၁.၆.၂၀၁၉)ရက်နေ့ (၁၀း၃၀)နာရီအချိန်တွင် မအူပင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌လည်းကောင်း၊ ဓနုဖြူမြို့နယ် ရပ်ကွက်(၂)ရပ်ကွက် ကျေးရွာ အုပ်စု(၇)စု ကျေးရွာခွဲ(၉)ရွာတို့၌ (၂၉.၅.၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ် (၂)လုံး အိမ်ထောင်စု (၂)စုအတွက် အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး Care Myanmar အလှူပစ္စည်းတစ်ခုစီနှင့် အိမ်ဆောက် ပစ္စည်းရန်ပုံငွေ (၁၀၀,၀၀၀/-)ကျပ်နှုန်းဖြင့် (၂၀၀,၀၀၀/-)ကျပ်နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်နေအိမ် (၁၅)လုံး အိမ်ထောင်စု (၁၅) စုစာ အတွက် တစ်စုလျှင် (၅၀,၀၀၀)ကျပ်နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၇၅၀,၀၀၀/-)ကျပ်၊ စုစုပေါင်းလူဦးရေ(၈၁)ဦးအတွက် ဆန်ရိက္ခာ ပစ္စည်းဖိုး (၁၇၀,၁၀၀/-)ကျပ်၊  ကယ်ဆယ်ရေးရန်ပုံငွေပေါင်း (၁,၁၂၀,၁၀၀/-)ကျပ်အား (၁၁.၆.၂၀၁၉)ရက်နေ့ (၁၀း၃၀)နာရီအချိန် ဓနုဖြူ ထွေအုပ်၌လည်းကောင်း၊ ဇီးဖြူကုန်းကျေးရွာအုပ်စု၊ တော်ကြီးကျေးရွာတွင် (၆.၆.၂၀၁၉)ရက်နေ့ မိုးကြိုးဘေးကြောင့် သေဆုံးသူ (၁)ဦး အတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်အား ကျန်ရစ်သူမိသားစုထံသို့ လည်းကောင်း၊ ပန်းတနော်မြို့နယ် ရွှေလှေကျေးရွာအုပ်စု ကျေးရွာခွဲ(၂)ရွာ၌ (၂၉.၅.၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ် (၂) လုံး အိမ်ထောင်စု(၂)စုအတွက် အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးနှင့် Care Myanmar အလှူပစ္စည်းတစ်ခုစီနှင့် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀,၀၀၀/-)ကျပ်ဖြင့် (၂၀၀,၀၀၀/-) ကျပ်နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ် (၁၂)လုံး အိမ်ထောင်စု (၁၂)စုအတွက် တစ်စုလျှင် (၄၀,၀၀၀/-)ကျပ်နှုန်းဖြင့် အိမ်ဆောက်ပ စ္စည်းဖိုးရန်ပုံငွေ (၄၈၀,၀၀၀/-)ကျပ်၊ စုစုပေါင်းလူဦးရေ (၅၃)ဦးအတွက် ဆန်ရိက္ခာပစ္စည်းဖိုး (၁၁၁,၃၀၀/-)ကျပ်၊ ကယ်ဆယ်ရေး ရန်ပုံငွေပေါင်း (၇၉၁,၃၀၀/-)ကျပ်အား (၁၁.၆.၂၀၁၉) ရက်နေ့ (၁၀း၄၅)နာရီအချိန်တွင် ပန်းတနော် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ လည်းကောင်း ဘေးသင့် ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe

#ha_sgw

#ha_tls

#ayy_jun2019

Source:      မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events