Author Archives: Aye Kyimann

  • မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ မိုးကြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ ဒီလှိုင်းကျေးရွာအုပ်စု၊ ပေါက်ချောင်းကျေးရွာ (၅.၆.၂၀၁၉)ရက်နေ့က ဖြစ်ပွားခဲ့သော မိုးကြိုးဘေးမှ သေဆုံး (၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀ဝ/-)ကျပ်ကို (၇.၆.၂၀၁၉)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများရှေ့မှောက် တွင် ဘေးသင့်ပြည်သူ၏ မိသားစုများ လက်ဝယ်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #bgo_jun2019 Source:  မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၆-၂၀၁၉)ရက်နေ့၌ သာယာဝတီမြို့နယ်၊ သဇင်အိုင်ကျေးရွာအုပ်စု၊ တောကွေ့ကျေးရွာတွင်ဖြစ်ပွားခဲ့သော လေဘေး မှ အမိုးလန်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်အား (၇-၆-၂၀၁၉)ရက်နေ့ နေ့လည် (၁၂:၀၀)နာရီ အချိန်တွင် သာယာဝတီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ စာရေးတို့နှင့်အတူ ဘေးသင့် ပြည်သူများ၏ လက်ဝယ်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_jun2019 Source:  မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ မိုးကြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီမြို့နယ်၊ ကုန်းမီးနင်းကျေးရွာအုပ်စု၊ ဒိုင်ဂေါင်းကျေးရွာတွင် (၄.၆.၂၀၁၉)ရက်နေ့က ဖြစ်ပွားခဲ့သော မိုးကြိုး ဘေးမှ သေဆုံး (၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀ဝ/-)ကျပ်အား (၇.၆.၂၀၁၉)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် ဘေးသင့်ပြည်သူ၏ မိသားစုများ လက်ဝယ်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #bgo_jun2019 Source:  မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • သံတွဲခရိုင်ဦးစီးမှူးရုံးမှ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၆-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် သောက်သုံးရေရှားပါးမှု အခက်အခဲကြုံတွေ့နေရသော သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ ကွဲျသောက်ကျေးရွာအုပ်စု ဆင်ဒင်ကလေးကျေးရွာ၊ အိမ်ခြေ (၂၄၀)၊ လူဦးရေ (၆၀၀)ဦးအတွက် သောက်သုံးရေဂါလံံ (၂၀၀၀) နှင့် (၆.၆.၂၀၁၉)ရက်နေ့ ညနေပိုင်းတွင် သံတွဲမြို့နယ်၊ မဲနယ်ကွင်း၊ ကျေးရွာအုပ်စု မဒေးကျေးရွာ အိမ်ခြေ(၇၈)လူဦးရေ (၂၃၅)ဦး အတွက် သောက်ရေသန့် (၂၀)လီတာဘူး(၇၈)ဘူးတို့အား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #rke_jun2019 Source:  သံတွဲခရိုင်ဦးစီးမှူးရုံး … Read more

  • ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားမှုကြောင့် ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်၊ ပေါက်တောပြင်ကျေးရွာ၊ ဗန်းဗွီးကျေးရွာနှင့် ကွမ်းတောင်ကျေးရွာများသို့ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေသော အိမ်ထောင်စု(၆၈၇)စု၊ လူဦးရေ (၁၆၉၃)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး တန်ဖိုး (၆,၇၅၃,၂၁၀)နှင့် ဆန်ရိက္ခာ(၁)လစာ တန်ဖိုး (၁၅,၂၃၇,၀၀၀)၊ စုစုပေါင်း တန်ဖိုး (၂၁၉,၉၀၂,၁၀၀)တို့အား (၆.၆.၂၀၁၉)ရက်နေ့တွင် ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #rke_jun2019 Source:  ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ သေဆုံးသူနှင့် ဒဏ်ရာရလူနာအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅.၆.၂၀၁၉)ရက် (၁၅:၃၀)နာရီတွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ထောက်လောင်ပွန်းကျေးရွာအုပ်စု၊ ဂဏာန်းမဲကျေးရွာအနီး တိုက်ပွဲဖြစ်ပွားရာမှ သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်နှင့် ဒဏ်ရာရလူနာ (၃)ဦးအတွက် ထောက်ပံ့ငွေ (၁၅၀,၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၅၀,၀၀၀)ကျပ်တို့အား မိသားစုဆွေမျိုးများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #rke_jun2019 Source:  ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • Multi Purpose Shelter တည်ဆောက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၆-၂၀၁၉) ရက်နေ့တွင် ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး၌ ဘိုကလေးမြို့နယ် Multi Purpose Shelter (၁၀) လုံးခြံ စည်းရိုး တည်ဆောက်မည့်ကိစ္စနှင့်ပတ်သက်သည့် အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ရာ Shelter တည်ဆောက်ရေး မြို့နယ်ကော်မတီအဖွဲ့ဝင် များ၊ ကျေးရွာကော်မတီအဖွဲ့ဝင်များနှင့် တည်ဆောက်ရေးကုမ္ပဏီများစုစုပေါင်း(၂၀)ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #ayy_jun2019 Source:  ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၆.၂၀၁၉)ရက်နေ့၊ နံနက် (၁၀:၃၀)အချိန်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ တံခါးကြီးကျေးရွာတွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေ ဟောပြောပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များကို ဝေငှခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျေးလက်နေပြည်သူလူထု (၆၀)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_jun2019 Source:  ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၆-၂၀၁၉)ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသတိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းရှိ ဘေးသင့် အိမ်ထောင်စု (၈၇၁)စု လူဦးရေ(၅၂၈၁)ဦးတို့အတွက် (၆၁,၅၁၅,၂၀၀/-)တန်ဖိုးရှိ ဆန် (၁၇၇၀)အိတ်၊ ဆီငါးလီတာဘူး (၃၅၀)ဘူး၊ ကြက်သွန်နီ (၁၀၅၀)ပိဿာ၊ အာလူး (၁၀၅၀)ပိဿာ၊ အသားတု(၁၀၅၀)ပိဿာ၊ ပဲဝါခြမ်း(၃၀ပိဿာ) ၇၅အိတ်၊ ငရုတ်သီးခြောက်တောင့် (၁၈၀)ပိဿာ၊ အချိုမှုန့်ပေါင်ထုပ် (၃၃၀)ထုပ်နှင့် ဆား(၁၇၄၂)ထုပ်တို့အား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။ #otr #krn_jun2019 Source:  ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events