Author Archives: Aye Kyimann
-
သရက်ခရိုင်ဦးစီးမှူးရုံးမှ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈.၆.၂၀၁၉)ရက်နေ့တွင် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသော သရက်မြို့နယ်၊ ပိတောက်ပင်ကျေးရွာအုပ်စု၊ တောင်ဘောကျေးရွာနေပြည်သူ အိမ်ထောင်စု(၄၈)စု၊ လူဦးရေ (၁၅၆)ဦးအတွက် သောက်သုံးရေဂါလံ(၆၀၀၀)ကို ရေသယ်ယာဉ်ဖြင့် သွားရောက် ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_jun2019 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်စိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၆-၂၀၁၉) ရက်နေ့၊ (၀၉း၀၀) နာရီမှ (၁၁း၃၀) နာရီအချိန်တွင် မုံရွာခရိုင်၊ ဘုတလင်မြို့၊ ဘုတလင်-ဒီပဲယင်း လမ်းဆုံ၌ လေဘေးအသိပညာပေးဆိုင်းဘုတ်အား ဆိုင်းဘုတ်စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_jun2019 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာအုပ်စု၊ နှစ်အိမ်တန်းကျေးရွာတွင် (၁၁-၆-၂၀၁၉)နေ့ ဖြစ်ပွားသာ ကမ်းပြိုဘေးသင့် အိမ်ခြေ (၁)လုံး၊ ၎င်းအိမ်ထောင်စု(၁)စုရှိ လူဦးရေ(၅)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး(၁၀,၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၁၁၀,၅၀၀/-)ကျပ်ကို (၁၈-၆-၂၀၁၉)ရက်နေ့တွင် တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ အရောက်ပေးပို့ထောက်ပံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_jun2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈.၆.၂၀၁၉)ရက်နေ့တွင် လှိုင်းဘ့ွဲမြို့နယ်၊ ဒေါ်လန်းကျေးရွာ၌ ကျေးရွာသူ/သား အင်အား (၂၀၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ဌာနနှင့်ပတ်သတ်သောသိကောင်းစရာများ ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_jun2019 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄.၆.၂၀၁၉)ရက်နေ့တွင် ရွှေတောင်မြို့နယ်၊ ကျေးရွာအုပ်စု (၄) စု၊ ကျေးရွာ (၅)ရွာ၌ ဖြစ်ပွားသော လေဘေးသင့် ပြိုလဲနေအိမ် (၂)လုံး၊ အမိုးလန်နေအိမ် (၄)လုံးနှင့် အိမ်ထောင်စု (၆)စုရှိ လူဦးရေ (၂၂)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ဖိုးထောက်ပံ့ငွေ (၂၄၆,၂၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး ပလတ်စတစ်ပုံးအပါ (၂)ပုံးတို့ကို (၁၈.၆.၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_jun2019 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ကွေ့ထောင့် ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာတွင် (၁၇.၆.၂၀၁၉)ရက်နေ့ (၁၂း၀၀)အချိန်၌ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ (၇)ဦးတို့ အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ဆန်ရိက္ခာဖိုး(၇)ရက်စာ(၁၄၇၀၀ိ/-)၊အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/-) စုစုပေါင်း (၂၁၄၇၀၀/-) ကျပ်ကို (၁၇.၆.၂၀၁၉)ရက်နေ့တွင် ရေစကြိုမြို့နယ်မှတာဝန်ရှိသူများ၊ ကွေ့ထောင့်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ကမ်းပြိုဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_jun2019 Source: … Read more
-
ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)နှင့် မုတ္တမပင်လယ်ကွေ့စီမံချက်အဖွဲ့တို့ပူးပေါင်း၍ (၁၇.၆.၂၀၁၉)ရက်နေ့ နံနက်(၀၉း၃၀)နာရီအချိန်တွင် မွန်ပြည်နယ် ပြည်နယ် ကြက်ခြေနီခန်းမတွင် ရပ်ရွာလူထုအခြေပြုဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းအား ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဦးစီးမှူး ဦးသောင်းရွှေမှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး အဆိုပါသင်တန်းသို့ မုတ္တမကွေ့စီမံချက်ဒေသများဖြစ်သော ကျိုက်ထို၊ ဘီးလင်း၊ ပေါင်နှင့် ချောင်းဆုံ မြို့နယ်များမှ ပြည်သူလူထု (၆၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁၇.၆.၂၀၁၉)ရက်နေ့မှ (၁၉.၆.၂၀၁၉)ရက်နေ့အထိ (၃)ရက်တာ ကျင်းပသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jun2019 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေး၊ မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပမှု သတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၁၇-၆-၂၀၁၉)ရက်နေ့ နံနက်(၁၀း၀၀)နာရီမှ (၁၂း၀၀)နာရီထိ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန် ကျေးရွာအတွင်းရှိ ပြည်သူ့စစ်စခန်း၌ တက်ရောက်သူစုစုပေါင်း (၅၅) ဦး ကို သဘာဝဘေးအသိပညာပေးခြင်းနှင့် မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအကြောင်း အသိပညာပေးခြင်း များ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jun2019 Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသည် (၁၇-၆-၂၀၁၉)ရက်နေ့၊ နံနက် (၉း၀၀)နာရီမှ (၁၁း၀၀) နာရီအထိ မိုင်းပျဉ်းမြို့နယ်၊ ယမ်းမိုင်အုပ်စု၊ ပိန်းမုံရွာတွင် အင်အား (၁၂၀)ဦးခန့်(ကျောင်းသားသူအပါဝင်) သဘာဝဘေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေး(၈)မျိုး ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ်အတွင်း နေထိုင်ရမည့်အနေအထားများအား လက်တွေ့သရုပ်ပြခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #shn_jun2019 Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၆-၂၀၁၉)ရက်နေ့တို့တွင် လေပြင်းတိုက်ခက်မှုကြောင့် မင်းလှမြို့နယ်၊ ကြို့ကုန်း(၁)ကျေးရွာအုပ်စု၊ ရွာသာယာ ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန်နေအိမ် (၆)လုံးရှိ ဘေးသင့်လူဦးရေ (၂၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၀,၄၀၀/-)ကျပ်တိတိကို (၁၇-၆-၂၀၁၉)ရက်နေ့ (၁၂း၃၀)နာရီအချိန်တွင် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေး ခန်းမတွင် ဒုတိယမြို့နယ်ဦးစီးမှူး၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးများနှင့်အတူ (၁၇-၆-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများ ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_jun2019 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
