လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၁၇-၆-၂၀၁၉)ရက်နေ့ နံနက်(၁၀း၀၀)နာရီမှ (၁၂း၀၀)နာရီထိ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန် ကျေးရွာအတွင်းရှိ ပြည်သူ့စစ်စခန်း၌ တက်ရောက်သူစုစုပေါင်း (၅၅) ဦး ကို သဘာဝဘေးအသိပညာပေးခြင်းနှင့် မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအကြောင်း အသိပညာပေးခြင်း များ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_jun2019
Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)