လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄.၆.၂၀၁၉)ရက်နေ့တွင် ရွှေတောင်မြို့နယ်၊ ကျေးရွာအုပ်စု (၄) စု၊ ကျေးရွာ (၅)ရွာ၌ ဖြစ်ပွားသော လေဘေးသင့် ပြိုလဲနေအိမ် (၂)လုံး၊ အမိုးလန်နေအိမ် (၄)လုံးနှင့် အိမ်ထောင်စု (၆)စုရှိ လူဦးရေ (၂၂)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ဖိုးထောက်ပံ့ငွေ (၂၄၆,၂၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး ပလတ်စတစ်ပုံးအပါ (၂)ပုံးတို့ကို (၁၈.၆.၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#bgo_jun2019
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)