ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းကျင်းပပြုလုပ်မှုသတင်း

17_Pic_01 17_Pic_02

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)နှင့် မုတ္တမပင်လယ်ကွေ့စီမံချက်အဖွဲ့တို့ပူးပေါင်း၍ (၁၇.၆.၂၀၁၉)ရက်နေ့ နံနက်(၀၉း၃၀)နာရီအချိန်တွင် မွန်ပြည်နယ် ပြည်နယ် ကြက်ခြေနီခန်းမတွင် ရပ်ရွာလူထုအခြေပြုဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းအား ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဦးစီးမှူး ဦးသောင်းရွှေမှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး အဆိုပါသင်တန်းသို့ မုတ္တမကွေ့စီမံချက်ဒေသများဖြစ်သော ကျိုက်ထို၊ ဘီးလင်း၊ ပေါင်နှင့် ချောင်းဆုံ မြို့နယ်များမှ ပြည်သူလူထု (၆၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁၇.၆.၂၀၁၉)ရက်နေ့မှ (၁၉.၆.၂၀၁၉)ရက်နေ့အထိ (၃)ရက်တာ ကျင်းပသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

#ar

#mon_jun2019

Source:  မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events