ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

18_Pic_01

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊  ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ကွေ့ထောင့် ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာတွင် (၁၇.၆.၂၀၁၉)ရက်နေ့ (၁၂း၀၀)အချိန်၌ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများဆောင်ရွက်ခဲ့ကြရာ  ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ (၇)ဦးတို့ အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ဆန်ရိက္ခာဖိုး(၇)ရက်စာ(၁၄၇၀၀ိ/-)၊အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/-) စုစုပေါင်း (၂၁၄၇၀၀/-) ကျပ်ကို (၁၇.၆.၂၀၁၉)ရက်နေ့တွင် ရေစကြိုမြို့နယ်မှတာဝန်ရှိသူများ၊ ကွေ့ထောင့်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ကမ်းပြိုဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe

#mgy_jun2019

Source:  ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events