Author Archives: Aye Kyimann

  • လေဖိအားနည်းရပ်ဝန်းအခြေအနေ

    ========================================== (၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင် လယ်အော် အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းသို့ ရောက်ရှိခဲ့ကာ ဆက်လက်တည်ရှိနေပါသည်။ “

  • ဗန်းမော်ခရိုင်ဦးစီးမှူးမှ သေဆုံးသူနှင့် ဒဏ်ရာရလူနာအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ရုံးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၆-၂၀၁၉)ရက်နေ့၌ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မံဝိန်းကြီးကျေးရွာ၊ KBC IDP Camp တွင် နေထိုင်သူ(၂)ဦးတို့မိုင်း ထိမှန်ခဲ့ပြီး သေဆုံးသူတစ်ဦးလျှင်(၃၀၀,၀၀၀/-)ကျပ်နှုန်းဖြင့်(၃၀၀,၀၀၀/-)ကျပ်နှင့် ဒဏ်ရာရသူတစ်ဦးလျှင် (၅၀,၀၀၀/-)နှုန်းဖြင့် (၅၀,၀၀၀/-) စုစုပေါင်း (၂)ဦးအတွက် (၃၅၀,၀၀၀/-)ကျပ်တို့ကို (၂၁-၆-၂၀၁၉)ရက်နေ့၊ နေ့လည်(၁း၃၀)နာရီအချိန်၌ မံစီမြို့၊ အထွေထွေအုပ်ချူပ်ရေးဦးစီး ဌာနတွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #ayy_jun2019 Source:  ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆောက်လုပ်သည့် School Cum Shelter ပြီးစီးမှုအခြေအနေအား သွားရောက်စစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၁၉)ရက်နေ့၌ ကျောင်းကုန်းမြို့နယ်၊ လှည်းဆိပ်ကျေးရွာအုပ်စု၊ အပင်နှစ်ဆယ် ကျေးရွာတွင် ဆောက်လုပ်လျက်ရှိသည့် School Cum Shelter (၇၅%) တည်ဆောက်ပြီးစီးမှုအခြေအနေအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ကျောင်း ကုန်းမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ လှည်းဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး၊ Shelter တည်ဆောက်ရေးတာဝန်ခံတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #ayy_jun2019 Source:  ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)  

  • ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၁၉)နေ့တွင် ဇလွန်မြို့နယ်၊ ကြာအင်းကျေးရွာအုပ်စု၊ စိန်ကလေးကျေးရွာ၌ လေဘေးကြောင့်ပြိုကျအိမ်ခြေ(ဝါး-၁)လုံး၊ ၎င်းအိမ်ထောင်စု(၁)စုရှိ လူဦးရေ(၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀/)ကျပ်၊ ဆန်ရိက္ခာဖိုး (၈,၄၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ရန်ပုံငွေ (၁၀၈,၄၀၀/-)ကျပ် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး၊ (၁)အိမ်ထောင်စာ တန်ဖိုးကျပ်(၃၂,၃၅၃/-)l စုစုပေါင်း ကယ်ဆယ်ရေး ထောက်ပံ့မှုကျပ် (၁၄၀,၇၅၃/-)နှင့် (တာပေါ်လင်စ-၁ချပ်)တို့ကို (၂၁-၆- ၂၀၁၉) ရက်နေ့တွင် ဇလွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_jun2019 Source:       … Read more

  • ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၁၉)ရက်နေ့ ညနေ(၁၄း၀၀)နာရီမှ (၁၆း၀၀)နာရီအထိ ကျိုင်းတုံမြို့ အမှတ်(၆) အခြေခံပညာ အထက်တန်း ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ကျောင်းသား၊ ကျောင်းသူ (၂၇၀)ဦးဖြင့် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏ သက်ရောက်မှုများကြောင့် ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များ၊ သဘာဝဘေးအန္တရာယ်များအကြောင်း ဘေးအန္တရာယ်မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးနောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များ ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ် နေထိုင်ရမည့်အနေအထားကို လက်တွေ့သရုပ်ပြသခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jun2019 Source:      … Read more

  • မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စု (အောက်ထုံးနှင့် အင်းတေးစု)ကျေးရွာတို့၌ (၁၄.၆.၂၀၁၉)ရက်နေ့နှင့် (၁၉.၆.၂၀၁၉)ရက်နေ့တို့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ကြသည့် နေအိမ် (၂၃)လုံး ဖျက်သိမ်းခဲ့ပြီး အိမ်ထောင်စု တစ်စုလျှင် (၃၀,၀၀၀/-)နှုန်းဖြင့် အိမ်ထောင်စု (၂၃)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၆၉၀,၀၀၀/-)ကျပ်နှင့် လူဦးရေ (၁၀၂)ဦး အတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၂၁၄,၂၀၀/-)ကျပ်၊ ကယ်ဆယ်ရေးရန်ပုံငွေပေါင်း (၉၀၄,၂၀၀/-)ကျပ်တို့ကို (၂၀.၆.၂၀၁၉)ရက်နေ့ (၁၀း၂၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_jun2019 Source:  … Read more

  • သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေး DAN Application အသိပညာပေးခြင်းနှင့် ဖြန့်ချိခြင်းအခမ်းအနားကျင်းပမှုသတင်း

    ဇွန် ၂၀၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသည် သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေး ဒါန်မိုဘိုင်း အက်ပလီကေးရှင်း (Disaster Alert Notification- DAN Application) အား ၂၀၁၆ ခုနှစ်မှ စတင်ကာ ပုံစံထုတ် ရေးဆွဲခဲ့ပြီး UNDP နှင့် ECHO အဖွဲ့အစည်းများ၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်မှုများကို ဆောင်ရွက်ခဲ့ပါသည်။ ယင်းကဲ့သို့ အဆင့်မြှင့်တင် ရေးဆွဲထားသည့် DAN Application အား ပြည်သူများထံသို့ ကျယ်ကျယ်ပြန့်ပြန့် … Read more

  • လေဖိအားနည်းရပ်ဝန်းအခြေအနေ

    (၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီ ============================================ အချိန်ထုတ်ပြန်ချက်) ============= “ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။”

  • မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောပို့ချမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၁၉)ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် မိုးညိုမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က-ထိန်တောတွင် ကျောင်းတွင်းအခြေပြု သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆွေးနွေးဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်ခြင်း အစီ အစဉ်ကိုကျင်းပခဲ့ရာ ပထမဦးစွာရွေးချယ်ထားသော ကျောင်းသား၊ ကျောင်းသူ(၂၅၀)ဦးအား သဘာဝဘေးအန္တရယ်ဆိုင်ရာ အသိပညာပေး ဆင့်ပွားသင်တန်းပေးခဲ့ပြီး ၎င်းသင်တန်းသားများ ပူးပေါင်းပါဝင်၍ ဆရာ၊ ဆရာမများနှင့် ကျောင်သား၊ ကျောင်းသူ(၂၀၀၀)ဦးခန့် တစ်ကျောင်း လုံးအတိုင်းအတာဖြင့် ငလျင်သရုပ်ပြလေ့ကျင့်ခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ပိုစတာများဖြန့်ဝေပေးခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #bgo_jun2019 Source:      မိုးညိုမြို့နယ်ဦးစီးမှူးရုံး … Read more

  • လေဖိအားနည်းရပ်ဝန်းအခြေအနေ

     (၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၀) ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)   “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါသည်။”

Sign Up

Upcoming Events