လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ခေနန်ကျေးရွာအုပ်စု၊ ခေနန်ကျေးရွာ၊ ကြို့ကုန်းကျေးရွာ၊ ကျားရဲကျေးရွာအုပ်စု၊ ကျားရဲကျေးရွာတို့ ၌ (၂၄-၇-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံး၊ အမိုးလန်ပျက်စီးနေအိမ်(၂)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး (၂၀၀၀၀၀/-)၊ လူဦးရေ(၁၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ(၃၃၆၀၀/-)၊စုစုပေါင်းရန်ပုံငွေ(၂၃၃၆၀၀/-)နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုး(၁)အိမ်ထောင်စာ(၃၂၃၅၃/-)ကျပ်တို့ကို (၂၆-၇-၂၀၁၉) ရက်နေ့(၁၂း၀၀)နာရီအချိန်တွင် တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_jul2019
Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)