လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၃-၇-၂၀၁၉)ရက်နေ့မှ (၁၆-၇-၂၀၁၉)ထိ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မင်းကုန်းရပ်ကွက်၊ ဆင်ကုန်းရပ်ကွက်၊ ခွန်သာရပ်ကွက်၊ ပေါက်ကုန်းရပ်ကွက်၊ အလယ်ရပ်ရပ်ကွက်၊ ညောင်ပင်ရပ်ရပ်ကွက်၊ မင်းကျောင်းကုန်ရပ်ကွက်၊ ရွှေကျီးနားရပ်ကွက်၊ နောင်ခို ရပ်ကွက်၊ သီရိရပ်ကွက်နှင့် ကံကြီးကမ္ဘာနီကျေးရွာသို့ အသီးသီးရွှေ့ပြောင်းလာသော အိမ်ထောင်စု(၁၃၆)စု လူဦးရေ(၆၉၀)အတွက် (၇)ရက်စာ ဆန်ဖိုးရိက္ခာငွေ (၁,၄၄၉,၀၀ဝ/-) ကျပ်တိတိကို (၁၉-၇-၂၀၁၉)ရက်နေ့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့်အတူ ပြည်သူ့လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fld
#kcn_jul2019
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)