သြဂုတ် ၂၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် ဦးဆောင်သော ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ(IDPs) ပြန်လည် နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အား ကုလသမဂ္ဂအဖွဲ့အစည်းများ ဖြစ်ကြသည့် UNOCHA, UNHCR, UNDP, UNRC Office, ICRC, IFRC နှင့် MRCS အဖွဲ့အစည်းများမှ ကိုယ်စားလှယ်အဖွဲ့တို့က ကချင်ပြည်နယ်ရှိ IDPs များနေရပ်ပြန်ရေး၊ ပြန်လည် နေရာချထားရေးများနှင့်ပတ်သက်၍ ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် IDPစခန်းများ ပိတ်သိမ်းရေးနှင့်ပတ်သက်၍ အမျိုးသား အဆင့်မဟာဗျူဟာရေးဆွဲဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ခဲ့သော အဆိုပါကုလသမဂ္ဂအဖွဲ့ အစည်းများနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်လိုသည့် နယ်ပယ် များဖော်ထုတ်နိုင်ရေး၊ ပြန်လည်နေရာချထားရေးအတွက် နိုင်ငံတော်က ဦးစားပေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်နေမှုများ၊ မူလနေရပ်များ ဘေးကင်းလုံခြုံရေးအတွက် မိုင်းရှင်းလင်းရေး ပူးပေါင်းဆောင်ရွက်နေမှုများ၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှုများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖော်ဆောင်ပေးနေမှု၊ ပတ်ဝန်းကျင်လုံခြုံမှုနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးစီမံချက်များ၊ လျှပ်စစ် မီးရရှိရေးနည်းလမ်းများနှင့် အဆောက်အဦးများဆောက်လုပ်နေမှုအစီအမံများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်း လုပ်ဆောင်ရာတွင် စာသင်ကျောင်းများ၊ ကျေးလက်ဆေးပေးခန်းနှင့် အများပိုင်နေရာများအတွက် ဦးစားပေးဆောင်ရွက်ရန်နှင့် အမျိုးသမီးများနှင့် ကလေးငယ်များ ဘေးကင်းလုံခြုံမှုနှင့် အာဟာရထောက်ပံ့မှုအစီအစဉ်များ၊ ဘဏ္ဍာရေးဆိုင်ရာကူညီထောက်ပံ့မည့် အစီအစဉ်များ၊ ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်း ဆောင်ရွက်မှု၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ ဒေသခံအဖွဲ့အစည်းဖြစ်သော ကချင်ပြည်နယ်လူသားချင်း စာနာထောက် ထားမှုဆိုင်ရာကော်မတီ(KHCC)နှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ မိမိသဘော ဆန္ဒအလျောက် နေရပ်ပြန်ရေး(Voluntary Return)ဖြစ်စေ ရန်နှင့် အမှန်တကယ် လိုအပ်ချက်များအပေါ် ဦးစားပေးအကောင်အထည်ဖော် ဖြည့်ဆည်းပေးရေးအတွက် Pilot Project ဆောင်ရွက်မည့် ကိစ္စရပ်များ နှင့်ပတ်သက်၍ တက်ရောက်သူများက အသေးစိတ် ဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။
#hl2_otr
#npw_aug2019
Source: MSWRR