လေဖိအားနည်းရပ်ဝန်းအခြေအနေ

 

===============================================================

 

26_Pic_01

 

(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၂၆) ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀)နာရီ အချိန်ထုတ်ပြန်ချက်)

==============================================================

“ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ တွင် လေဖိအား နည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါသည်။”

 ———————————————————————————————————–

သတိပေးနှိုးဆော်ချက်

 ============================================================

အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀) အထိ တိုက်ခတ်နိုင် ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၁)ပေခန့် ရှိနိုင်ပါသည်။

Sign Up

Upcoming Events