ကမ်းပြိုကာကွယ်ရေး ရေကာတာဆောင်ရွက်ရန်အတွက် ထောက်ပံ့မှုသတင်း

19_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီး မှူးရုံးနှင့် ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၇-၂၀၁၉)ရက်နေ့တွင်  ရေစကြိုမြို့နယ်၊ ညောင်ဇောက်ကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာသည် လက်ရှိအနေအထားအရ ကမ်းနီးအိမ်များအနေဖြင့် ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပြိုမှုဘေးအန္တရာယ်မှ ကြိုတင် ကာကွယ်ရေးလုပ်ငန်း ရေကာတာဆောက်လုပ်ရန်အတွက် (၂၆၀၅၃၅၀/-)(ကျပ်နှစ်ဆယ့်ခြောက်သိန်းငါးထောင့်သုံးရာငါးဆယ်ကျပ်တိတိ) အား ရေစကြိုမြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်၊ အောက်ဆီဂျင်အခမဲ့ကူညီရေးအသင်း ဥက္ကဌ ဦးဝဏ္ဏအောင်၊ တာဝန်ရှိသူများနှင့်အတူ ညောင်ဇောက်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးဟန်ညွှန့်နှင့် ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe

#mgy_jul2019

Source:   ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events