Author Archives: Aye Kyimann

  • မြစ်ရေကြီးမှုအခြေအနေသတင်း

    ===================================================== ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၃)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးမှုအခြေအနေသတင်း ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ————————————————————————————- စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက် မြို့တွင် (၁)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၂) ရက်အတွင်း (၁)ပေခွဲခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်ပါသည်။ ————————————————————————————- သောင်ရင်းမြစ် … Read more

  • မြစ်ရေကြီးခြင်းသတိပေးချက်

    ======================================================= ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၃)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ————————————————————————————- ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ ———————————————————————————— သို့ဖြစ်ပါ၍ ဘားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

  • မြစ်ရေကြီးမှုအခြေအနေသတင်း

      ========================================================================= ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၃)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးမှုအခြေအနေ သတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ရွှေကျင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ==================================================== ယနေ့မြန်မာစံတော်ချိန် (၀၇:၃၀)နာရီအချိန် တိုင်းထွာချက်အရ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့ တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၂)ရက် အတွင်း (၃)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ နိုင်ပါသည်။ … Read more

  • လေဖိအားနည်းရပ်ဝန်းအခြေအနေ

      ===============================================================     (၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၂၆) ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀)နာရီ အချိန်ထုတ်ပြန်ချက်) ============================================================== “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ တွင် လေဖိအား နည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါသည်။”  ———————————————————————————————————– သတိပေးနှိုးဆော်ချက်  ============================================================ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် … Read more

  • လေဘေးအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ခေနန်ကျေးရွာအုပ်စု၊ ခေနန်ကျေးရွာ၊ ကြို့ကုန်းကျေးရွာ၊ ကျားရဲကျေးရွာအုပ်စု၊ ကျားရဲကျေးရွာတို့ ၌  (၂၄-၇-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံး၊ အမိုးလန်ပျက်စီးနေအိမ်(၂)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး (၂၀၀၀၀၀/-)၊ လူဦးရေ(၁၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ(၃၃၆၀၀/-)၊စုစုပေါင်းရန်ပုံငွေ(၂၃၃၆၀၀/-)နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုး(၁)အိမ်ထောင်စာ(၃၂၃၅၃/-)ကျပ်တို့ကို (၂၆-၇-၂၀၁၉) ရက်နေ့(၁၂း၀၀)နာရီအချိန်တွင် တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_jul2019 Source:   သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုအိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    (၁၇.၇.၂၀၁၉)ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဗန်းမော်ခရိုင်ရွှေကူခရီးစဉ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးနှင့်အတူ ဗန်းမော်ခရိုင်ဦးစီးမှူ းရုံးမှ တာဝန်ရှိသူများ၊ ရွှေကူမြို့နယ်ဦးစီမှူးရုံးမှတာဝန်ရှိသူများလိုက်ပါ၍ (၁၅-၇-၂၀၁၉)ရက်နေ့မှ(၁၆-၇-၂၀၁၉)ရက်နေ့အထိ ဧရာဝတီမြစ်ရေ ထပ်မံမြင့်တက်လာမှုကြောင့် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ ရေဘေးပြောင်းရွှေ့ အိမ်ထောင်စု(၂၆)စု၊ လူဦးရေ(၁၂၄)ဦးတို့သည် ပုဗ္ဗာရံဘုန်းကြီးကျောင်း၊မြဝတီဘုန်းကြီးကျာင်း၊ ရွှေမြင်းတတင်ခန်းမနှင့် သူဌေးတောရ ဘုန်းတော်ကြီးကျောင်းတို့တွင် အသီးသီးယာယီပြောင်းရွှေလျက်ရှိပြီး ပြောင်းရွေ့အိမ်ထောင်စု(၂၄၄)စု လူဦးရေ(၁၂၄)ဦးတို့အတွက် တစ်ဦးလျှင် (၂၁၀၀)ကျပ် နှုန်းဖြင့် (၇)ရက်စာဆန်ဖိုးငွေ (၂၆၀,၄၀၀/-)ကျပ်တိတိကိုလည်းကောင်း၊ (၁၆-၇-၂၀၁၉)ရက်နေ့အမှတ်(၂)ရပ်ကွက်တွင်ဖြစ်ပွားသော ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုအိမ်ထောင်စု(၃)စု၊လူဦးရေ(၁၂)ဦးအတွက် ပလပ်စတစ်ပုံးအပါ ကယ်ဆယ်ပစ္စည်းဆယ်မျိုးပါ … Read more

  • ဧရာဝတီမြစ်ရေတက်မှုကြောင့် ရွှေ့ပြောင်းလာသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၃-၇-၂၀၁၉)ရက်နေ့မှ (၁၆-၇-၂၀၁၉)ထိ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မင်းကုန်းရပ်ကွက်၊ ဆင်ကုန်းရပ်ကွက်၊ ခွန်သာရပ်ကွက်၊ ပေါက်ကုန်းရပ်ကွက်၊ အလယ်ရပ်ရပ်ကွက်၊ ညောင်ပင်ရပ်ရပ်ကွက်၊ မင်းကျောင်းကုန်ရပ်ကွက်၊ ရွှေကျီးနားရပ်ကွက်၊ နောင်ခို ရပ်ကွက်၊ သီရိရပ်ကွက်နှင့် ကံကြီးကမ္ဘာနီကျေးရွာသို့ အသီးသီးရွှေ့ပြောင်းလာသော အိမ်ထောင်စု(၁၃၆)စု လူဦးရေ(၆၉၀)အတွက် (၇)ရက်စာ ဆန်ဖိုးရိက္ခာငွေ (၁,၄၄၉,၀၀ဝ/-) ကျပ်တိတိကို (၁၉-၇-၂၀၁၉)ရက်နေ့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့်အတူ ပြည်သူ့လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_fld #kcn_jul2019 Source:  ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရေမျောသေဆုံးသူအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆော့လော်မြို့နယ်၊ ယော်ဂျော်ကျေးရွာအုပ်စု၊ မန်ဂျီကျေးရွာနှင့် ကျီးထန်းကျေးရွာ အကြားရှိ ငါနီချောင်းတွင် (၁၀.၇.၂၀၁၉)ရက်နေ့ဖြစ်ပွားခဲ့သော ချောင်းရေနှင့်အတူ မျောပါသေဆုံးခဲ့သူ ဦးလန်နော့လွမ်းဒေါင်(၂၄)နှစ်၊ (ဘ)ဦးဒေါင်လွမ်းအတွက် ထောက်ပံ့ငွေ(၃၀၀,၀၀၀/-)ကျပ်ကို (၁၈.၇.၂၀၁၉)ရက်နေ့တွင် ဆော့လော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တာဝန်ရှိသူများမှတစ်ဆင့် လွဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #kcn_jul2019 Source:   ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုကာကွယ်ရေး ရေကာတာဆောင်ရွက်ရန်အတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီး မှူးရုံးနှင့် ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၇-၂၀၁၉)ရက်နေ့တွင်  ရေစကြိုမြို့နယ်၊ ညောင်ဇောက်ကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာသည် လက်ရှိအနေအထားအရ ကမ်းနီးအိမ်များအနေဖြင့် ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပြိုမှုဘေးအန္တရာယ်မှ ကြိုတင် ကာကွယ်ရေးလုပ်ငန်း ရေကာတာဆောက်လုပ်ရန်အတွက် (၂၆၀၅၃၅၀/-)(ကျပ်နှစ်ဆယ့်ခြောက်သိန်းငါးထောင့်သုံးရာငါးဆယ်ကျပ်တိတိ) အား ရေစကြိုမြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်၊ အောက်ဆီဂျင်အခမဲ့ကူညီရေးအသင်း ဥက္ကဌ ဦးဝဏ္ဏအောင်၊ တာဝန်ရှိသူများနှင့်အတူ ညောင်ဇောက်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးဟန်ညွှန့်နှင့် ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_jul2019 Source:   … Read more

Sign Up

Upcoming Events