အောက်တိုဘာ ၉၊ နေပြည်တော်
မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် ဘေးသင့်ဒေသများအတွက် လူသားချင်းစာနာထောက်ထားမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောက်မီးသွေးလုပ်ငန်းရှင်များအသင်းက ငွေကျပ်(၅၉)သိန်း ကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်လှူဒါန်းပါသည်။
ရှေးဦးစွာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောက်မီးသွေးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက လှူဒါန်းရခြင်းအကြောင်းရင်းကို ရှင်းလင်း ပြောကြားပြီး ဒုတိယဝန်ကြီးဦးစိုးအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် ယခုလို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောက်မီးသွေး လုပ်ငန်းရှင်များအသင်းက မိမိတို့ဝန်ကြီးဌာနအား ဘေးသင့်ပြည်သူများအတွက် ပထမဆုံးအကြိမ်အဖြစ် သဘာဝဘေးဒဏ်ခံ ပြည်သူများအား စာနာစိတ်ဖြင့် လာရောက်လှူဒါန်းပေးကြသည့်အတွက် ဝန်ကြီးဌာနအနေဖြင့် ဘေးဒဏ်ခံစားရသော ပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါ ကြောင်း၊ လှူဒါန်းငွေများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေသို့ထည့်သွင်းပြီး ဘေးသင့်ဒေသများ ပြန်လည်ထူထောင် ရေးအတွက် အကျိုးရှိစွာအသုံးပြုလျက်ရှိပါကြောင်း ပြောကြားပြီး လှူဒါန်းငွေကိုလက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#hl2_fld
Source: MSWRR