ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီက ရခိုင်ပြည်နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်း အစည်းအဝေးကျင်းပမှုသတင်း

10_Pic_02

၉-၁၀-၂၀၁၉

 

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီက ရခိုင်ပြည်နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့မှု များနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို  ယနေ့နေ့လည်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြပါသည်။

ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အစိုးရနှင့်အတူ ဝန်ကြီးဌာနအားလုံးက မိမိတို့ကဏ္ဍအလိုက် ဝိုင်းဝန်းဆောင်ရွက်ပေးနေကြပါကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရေးကော်မတီအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ၂၉-၉-၂၀၁၉ ရက်နေ့မှ ၄-၁၀-၂၀၁၉ ရက်နေ့အထိ ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ကွင်းဆင်းဆောင်ရွက်ခဲ့မှုနှင့်တွေ့ရှိချက်များကို တင်ပြဆွေးနွေးမည် ဖြစ်ပါကြောင်း၊ ထို့အပြင် မိမိနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် တို့ သွားရောက်ကွင်းဆင်းခဲ့သည့် ခရီးစဉ်တွေ့ရှိချက်နှင့် တင်ပြချက်များကိုပါ ဆွေးနွေးကြမည်ဖြစ်ပါကြောင်း၊ တွေ့ရှိချက်နှင့် တင်ပြချက်များအား သက်ဆိုင်ရာဝန်ကြီးဌာနများကလည်း ဌာနအလိုက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းဆွေးနွေးသွားရန် ဖြစ်ပါကြောင်း၊ ယနေ့ အစည်းအဝေးသည် ကွင်းဆင်းဆောင်ရွက်မှုအခြေအနေများကို သက်ဆိုင်ရာဝန်ကြီးဌာနများထံ ပေါင်းစပ်ညှိနှိုင်းပေးခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ်အကောင်အထည်ဖော်ဆောင် ရွက်ရေးကော်မတီမှ ညွှန်ကြားရေးမှူးဒေါက်တာ အောင်သူရိန်က ရခိုင်ပြည်နယ်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့မှုများဖြစ်သည့် တိုက်ပွဲရှောင်တိုင်းရင်းသားများနှင့်တွေ့ဆုံ၍ ၄င်းတို့၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေး စသည့်လိုအပ်ချက်များဖြည့်ဆည်း ပေးနိုင်ရေးကိစ္စများ၊ တိုက်ပွဲရှောင်တိုင်းရင်းသားများအတွက် ယာယီခိုလှုံရာစခန်းများ တည်ဆောက် ပြီးစီးမှုအခြေအနေများ၊ UEHRD အစီအစဉ်ဖြင့် ပြန်လည်လက်ခံမှုနှင့် ပြန်လည်နေရာချထားမှု အခြေအနေများ၊ IDP စခန်းများ အခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးဌာနအလိုက် ကိုယ်စားလှယ်များက ဌာနအလိုက်ဆောင်ရွက်နေမှု အခြေအနေများ ပြန်လည် ရှင်းလင်းကြကာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#hl2_otr

#npw_oct2019

 Source:  MSWRR

Sign Up

Upcoming Events