Author Archives: Hlaing ChoOo
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၄-၂၀၂၀) ရက်နေ့တွင် (၀၉:၃၀) အချိန်မှစ၍ (၁၅:၀၀) နာရီအချိန်ထိ ပုလဲမြို့နယ်၊ ပုပ္ပါကျေးရွာ၊ မောင်းတုံကျေးရွာ၊ ပုထိုးသာ ကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ကမ္ဘားရပ်ကျေးရွာ၊ ရွာနာင်ကျေးရွာ၊ မုံသွင်ကျေးရွာ၊ ချင်ပစ်ကျေးရွာများ အတွင်း အသံချဲ့စက်ဖြင့် Covid 19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လိုက်နာရန်အချက်များအား ယင်းမာပင်မြို့ ၊သင်္ဂဟလူမှုကူညီရေးအသင်းနှင့်အတူ လိုက်လံအသိပညာပေးခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ #ar #sgg_apr2020 Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၄-၂၀၂၀) ရက်နေ့တွင် သာစည်မြို့နယ်၊ ညောင်ရမ်းဈေးအုပ်စု၊ မကျီးရိုးအုပ်စု၊ ရွှေတုတ်ကုန်းအုပ်စု၊ ကုက္ကိုလ်ကန်အုပ်စုနှင့် တောကင်းအုပ်စုတို့၏ ကျေးရွာခွဲများရှိပြည်သူများအား COVid-19နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များ ဥပဒေများအားပြည်သူများ လိုက်နာဆောင်ရွက်ရန်အချက်များအား ကျေးရွာ အုပ်ချုပ်ရေးမှူး များ၊ တာဝန်ခံများ၊ ရှမ်းတဲမေတ္တာလူမှုကူညီရေးအသင်းနှင့်အတူ လိုက်လံအသိပညာပေးဆော်ဩခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar #mdy_apr2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၄-၂၀၂၀) ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ ဒေါပေါ်ကလဲကျေးရွာအုပ်စု၊ ဒေါဆော်လဲကျေးရွာ၊ ဘုရားနီကျေးရွာနှင့် ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူရွာသစ်ကျေးရွာအုပ်စု၊ ဟန်သောခိုကျေးရွာနှင့် ဝါသောခိုကျေးရွာရှိ မိဘပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှု မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ရန်အချက်များကို အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_apr2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ဘိုကလေးမြိုနယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၄-၂၀၂၀) ရက်နေ့ တွင် ဘိုကလေးမြို့နယ်၊ ကျီးစုကျုံဖားကျေးရွာအုပ်စု ကျီးစုကျုံဖားကျေးရွာတွင် (၁၀:၀၀) နာရီ၌ လည်းကောင်း၊ ကြာအင်းကျေးရွာတွင် (၁၂:၀၀) နာရီ၌လည်းကောင်း ကွင်းပေါက်ကျေးရွာတွင် (၁၃:၃၀) နာရီ၌ လည်းကောင်း Covid- 19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်များနှိုးဆော် ခြင်းအား ကျေးရွာရှိအုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာနေပြည်သူတို့အား အသိပညာပေး ခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၄-၂၀၂၀) ရက်နေ့ နံနက် (၀၈:၀၀) အချိန်မှ (၁၃:၀၀) အချိန်အထိ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာ အုပ်ချုပ်ရေး မှူးများ၊ ရပ်ကျေးစာရေးနှင့်အတူပူးပေါင်း၍ မကျီးကုန်းကျေးရွာအုပ်စုရှိ မကျီးကုန်းကျေးရွာ၊ ထန်းချောင်းကျေးရွာနှင့် တပ်စုကျေးရွာ၊ ရွာသာအေးကျေးရွာအုပ်စုရှိ ရွာသာအေးကျေးရွာနှင့် လိပ်ခြံ ကျေးရွာတို့တွင် လှည့်လည်၍ covid 19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ မြို့သစ် မြို့နယ်၊ မြေပြင်သာကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာတွင် (၁၁-၄-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးသင့် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု(၁) စု၊ လူဦးရေ(၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက် စာဖိုး (၁၂,၆၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)၊ စုစုပေါင်း (၁၁၂၆၀၀/-) နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုးတို့ကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ (၁၄-၄-၂၀၂၀) ရက်နေ့တွင် … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ စည်ပင်ကျေးရွာ၌ (၁၂-၄-၂၀၂၀) ရက်နေ့၊ (၂၀:၁၀) နာရိအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁၉) လုံး၊ အိမ်ထောင်စု (၂၁) စုအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁,၉၀၀,၀၀ဝ/-)၊ လူဦးရေ (၉၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၀၁,၆၀ဝ/-)၊ ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုးပါ (၁၉) အိမ်ထောင်စာနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ(၂) အိမ်ထောင်စာတို့အား … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၂၀) ရက်နေ့ (၁၅: ၃၀) အချိန်၌ မိုးညှင်းမြို့နယ်၊ တဲကြီးကုန်းကျေးရွာတွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များ၊ လိုက်နာရမည့်အချက်များအား ပြည်သူများသိရှိစေရန် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #kcn_apr2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၂၀) ရက်နေ့ (၀၇:၀၀)အချိန်မှ (၁၃:၀၀) အချိန်ထိ ပခုက္ကူမြို့နယ်၊ မကျီးသုံးပင်ကျေးရွာအုပ်စု၊ မကျီးသုံးပင်ကျေးရွာ၊ သံဘိုကျေးရွာနှင့် သစ်ပုလွေကုန်းကျေးရွာများသို့ သွားရောက်အသိပညာပေးခြင်းနှင့် နေ့စဉ် (၁၉:၀၀) အချိန်မှ (၂၁:၀၀) အချိန်အထိ ပခုက္ကူမြို့ပေါ်ရပ်ကွက်များသို့ COVID -19 ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေး ပြည်သူ များသို့ အသိပညာပေး ပန်ကြားချက်များအား လှည့်လည်အသိပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်မှစတင်၍ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ကုန်းသာကျးရွာနှင့် ပြင်ရွာကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာတို့တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွား လျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့အား ကျေးရွာ/ ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)
