လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၄-၂၀၂၀) ရက်နေ့တွင် (၀၉:၃၀) အချိန်မှစ၍ (၁၅:၀၀) နာရီအချိန်ထိ ပုလဲမြို့နယ်၊ ပုပ္ပါကျေးရွာ၊ မောင်းတုံကျေးရွာ၊ ပုထိုးသာ ကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ကမ္ဘားရပ်ကျေးရွာ၊ ရွာနာင်ကျေးရွာ၊ မုံသွင်ကျေးရွာ၊ ချင်ပစ်ကျေးရွာများ အတွင်း အသံချဲ့စက်ဖြင့် Covid 19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လိုက်နာရန်အချက်များအား ယင်းမာပင်မြို့ ၊သင်္ဂဟလူမှုကူညီရေးအသင်းနှင့်အတူ လိုက်လံအသိပညာပေးခဲ့ပါကြောင်း သတင်းရရှိ ပါသည်။
#ar
#sgg_apr2020
Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)