လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၄-၂၀၂၀) ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ ဒေါပေါ်ကလဲကျေးရွာအုပ်စု၊ ဒေါဆော်လဲကျေးရွာ၊ ဘုရားနီကျေးရွာနှင့် ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူရွာသစ်ကျေးရွာအုပ်စု၊ ဟန်သောခိုကျေးရွာနှင့် ဝါသောခိုကျေးရွာရှိ မိဘပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှု မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ရန်အချက်များကို အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#kyh_apr2020
Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ)