လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ စည်ပင်ကျေးရွာ၌ (၁၂-၄-၂၀၂၀) ရက်နေ့၊ (၂၀:၁၀) နာရိအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁၉) လုံး၊ အိမ်ထောင်စု (၂၁) စုအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁,၉၀၀,၀၀ဝ/-)၊ လူဦးရေ (၉၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၀၁,၆၀ဝ/-)၊ ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုးပါ (၁၉) အိမ်ထောင်စာနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ(၂) အိမ်ထောင်စာတို့အား (၁၄-၄-၂၀၂၀) ရက်နေ့ (၀၈:၃၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။
Source:မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ha_fir
#mdy_apr2020