မီးဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ မြို့သစ် မြို့နယ်၊ မြေပြင်သာကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာတွင် (၁၁-၄-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးသင့် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု(၁) စု၊ လူဦးရေ(၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက် စာဖိုး (၁၂,၆၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)၊ စုစုပေါင်း (၁၁၂၆၀၀/-) နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုးတို့ကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ (၁၄-၄-၂၀၂၀) ရက်နေ့တွင် မီးဘေးသင့် ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fir
#mgy_apr2020
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events