Author Archives: Hlaing ChoOo
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ လူငယ်လုပ်ငန်းအဖွဲ့တို့နှင့်ပူးပေါင်း၍ ရေစကြိုမြို့နယ်၊ ကျောက္ကာ ကျေးရွာအုပ်စု၊ ကျောက်တံခါးကျေးရွာရှိ အိမ်ခြေ (၁၀၄) လုံး၊ အိမ်ထောင်စု (၁၁၅)စု၊ လူဦးရေ (၄၅၄) ဦးတို့အတွက် သောက်သုံးရေဂါလံ (၃၆၀၀) အား (၁၃-၅-၂၀၂၀)ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် သွားရောက် ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_may2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့်အတူပူးပေါင်း၍ (၁၃-၅-၂၀၂၀)ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စုအတွင်းရှိ ကညင်တပင်ကျေးရွာ၊ မြဂိုးစုကျေးရွာ၊ ဘုရားကြီးကုန်းရွာမကျေးရွာ၊ ဓနုံးချောင်းကျေးရွာနှင့် ကျုံလမု ကျေးရွာများတွင် Covid-19 အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များအား အများပြည်သူများသိရှိ လိုက်နာရန်ကွင်းဆင်း၍ Hand Speaker၊ Loud Speaker များဖြင့်လှည့်လှည်၍ အသိပညာပေး လုပ်ဆောင်မှုများ … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀) ရက်နေ့တွင် Covid_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဟောပြောခြင်းအား သာစည်မြို့နယ်အတွင်းရှိ ကန်သစ်၊ ဘိုကုန်း၊ သနပ်ကန်၊ ကုက္ကိုစု၊ အိုင်ဒွန်း၊ သမက်ဇာကုန်း၊ ကန့်ဖြူအုပ်စုအတွင်းရှိကျေးရွာ(၁၄) ရွာသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_may2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီချိန်မှ (၁၂:၀၀) နာရီချိန်ထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ထန်းတောကျေးရွာ၊ ငြုတ္တုံကျေးရွာ၊ မုတ်ဆီကျေးရွာနှင့် ကြာပန်းညိုကျေးရွာတို့အတွင်း မော်တော်ကားဖြင့် အသံချဲ့စက်၊ လော်စပီကာများ တင်ဆောင်ကာ Covid-19 ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးပန်ကြားချက် များအား လှည့်လည်ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_may2020 Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
သရက်ခရိုင်၊ ကံမမြို့နယ် လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ ကံမမြို့နယ်၊ ရပ်ကွက်/ ကျေးရွာ အုပ်စု (၂၈) စု၊ ရပ်ကွက်/ကျေးရွာ (၅၁) ရွာတို့၌ (၁၁-၅-၂၀၂၀) ရက်နေ့၊ (၁၇:၁၀)နာရီမှ (၁၇:၃၅) နာရီအချိန်ထိ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်အမိုးလန်ပျက်စီး လူနေအိမ် (၄၃၈) လုံး၊ ဘုန်းတော်ကြီးကျောင်း (၂) ကျောင်း၊ သာသနိကအဆောက်အဦ (၂) ခုတို့အတွက် အိမ်ဆောက်/ ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၁၅,၄၇၀,၀၀ဝ/-) ကျပ်တို့အား (၁၂-၅-၂၀၂၀) ရက်နေ့၊ … Read more
-
သရက်မြို့နယ်၊ စမ်းလယ်ကျေးရွာအုပ်စု၊ စမ်းလယ်ကျေးရွာ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ သရက်မြို့နယ်၊ စမ်းလယ် ကျေးရွာအုပ်စု၊ စမ်းလယ်ကျေးရွာ၌ (၁၂-၅-၂၀၂၀) ရက်နေ့၊ (၁၆:၀၀) နာရီမှ (၁၆:၅၅) အချိန်ထိ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်အမိုးလန်ပျက်စီး လူနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇) ရက်စာ (၆,၃၀ဝ/-)ကျပ်၊ အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၀,၀၀ဝ/-) ကျပ်၊ စုစုပေါင်း … Read more
-
ရွှေဘိုမြို့နယ်၊ ပိတ္တောကျေးရွာ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် ရွှေဘိုမြို့နယ်၊ ပိတ္တောကျေးရွာ၌ (၁၂-၅-၂၀၂၀) နေ့ (၀၀:၃၀) နာရီတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ် (၂) လုံးနှင့် အမိုးလန်နေအိမ် (၁၃) လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုးငွေ (၁၃၂,၃၀ဝ/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၃၀,၀၀ဝ/-) ကျပ် ၊စုစုပေါင်း ထောက်ပံ့ငွေ (၈၆၂,၃၀ဝ/-) ကျပ်တို့အား (၁၃- ၅-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဌာနမှတဆင့် … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀) ရက်နေ့ (၀၇:၃၀) နာရီမှ (၁၁:၃၀) နာရီအချိန်ထိ မကွေးခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ စလင်းတောင်ကျေးရွာ၊ ချောင်းဖီလာ ကျေးရွာ၊ မင်းကန်ကျေးရွာများသို့ COVID-19 ရောဂါနှင့် ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပြည်သူလူထု အသိပညာပေးပန်ကြားချက်များကို လှည့်လည်ဟောပြောခြင်း လုပ်ငန်း များ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ချောက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မိုင်းဆတ်မြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းဆတ်မြို့နယ်၊ စတုံးကျေးရွာအုပ်စု၊ မယ်ကြုတ် (၁) ကျေးရွာ၌ (၉-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ဘေးသင့် အမိုးလန်အိမ်ခြေ (၆) လုံးနှင့် မယ်ကြုတ် (၂) ကျေးရွာ၌ အမိုးလန်အိမ်ခြေ (၂၂) လုံး၊ စုစုပေါင်း အိမ်ခြေ (၂၈) လုံး၊ အိမ်ထောင်စု (၂၈) စု၊ လူဦးရေ (၁၄၀) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇) ရက်စာ (၂၉၄,၀၀၀/-) … Read more
-
ယင်းမာပင်မြို့နယ်အတွင်းရှိ မီးဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယင်းမာပင်ခရိုင်၊ ယင်းမာပင် မြို့နယ်၊ ဆင်တဲကျေးရွာအုပ်စု၊ မင်းမကုန်းကျေးရွာ၌ ((၁၁-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေး ကြောင့် ဘေးသင့်အိမ်ခြေ (၇) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၇) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၁,၉၀၀/-) ကျပ်တို့အား (၁၂-၅-၂၀၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #sgg_may2020 Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
