လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယင်းမာပင်ခရိုင်၊ ယင်းမာပင် မြို့နယ်၊ ဆင်တဲကျေးရွာအုပ်စု၊ မင်းမကုန်းကျေးရွာ၌ ((၁၁-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေး ကြောင့် ဘေးသင့်အိမ်ခြေ (၇) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၇) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၁,၉၀၀/-) ကျပ်တို့အား (၁၂-၅-၂၀၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#sgg_may2020
Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)