လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် ရွှေဘိုမြို့နယ်၊ ပိတ္တောကျေးရွာ၌ (၁၂-၅-၂၀၂၀) နေ့ (၀၀:၃၀) နာရီတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ် (၂) လုံးနှင့် အမိုးလန်နေအိမ် (၁၃) လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုးငွေ (၁၃၂,၃၀ဝ/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၃၀,၀၀ဝ/-) ကျပ် ၊စုစုပေါင်း ထောက်ပံ့ငွေ (၈၆၂,၃၀ဝ/-) ကျပ်တို့အား (၁၃- ၅-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဌာနမှတဆင့် ဘေးသင့် ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#sgg_may2020
Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး(ဘစမ)