လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ သရက်မြို့နယ်၊ စမ်းလယ် ကျေးရွာအုပ်စု၊ စမ်းလယ်ကျေးရွာ၌ (၁၂-၅-၂၀၂၀) ရက်နေ့၊ (၁၆:၀၀) နာရီမှ (၁၆:၅၅) အချိန်ထိ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်အမိုးလန်ပျက်စီး လူနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇) ရက်စာ (၆,၃၀ဝ/-)ကျပ်၊ အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၀,၀၀ဝ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃၆,၃၀ဝ/-) ကျပ်တို့အား (၁၃-၅-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် သရက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_may2020
Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)