သရက်ခရိုင်၊ ကံမမြို့နယ် လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ ကံမမြို့နယ်၊ ရပ်ကွက်/ ကျေးရွာ အုပ်စု (၂၈) စု၊ ရပ်ကွက်/ကျေးရွာ (၅၁) ရွာတို့၌ (၁၁-၅-၂၀၂၀) ရက်နေ့၊ (၁၇:၁၀)နာရီမှ (၁၇:၃၅) နာရီအချိန်ထိ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်အမိုးလန်ပျက်စီး လူနေအိမ် (၄၃၈) လုံး၊ ဘုန်းတော်ကြီးကျောင်း  (၂) ကျောင်း၊ သာသနိကအဆောက်အဦ  (၂) ခုတို့အတွက် အိမ်ဆောက်/ ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၁၅,၄၇၀,၀၀ဝ/-) ကျပ်တို့အား (၁၂-၅-၂၀၂၀) ရက်​နေ့၊ (၁၁:၃၀) နာရီအချိန် တွင် လူဝန်မှုကြီးကြပ်ရေးဝန်ကြီး၊ သရက်ခရိုင်အုပ်ချုပ်ရေးမှူး၊ ကံမမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ ရှေ့မှောက်တွင် ဘေးဖြစ်ပွားရာကျေးရွာများရှိ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#mgy_may2020

Source:  သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events