Author Archives: Hlaing ChoOo

  • lDPs စခန်းများ၌ (Covid-19) ရောဂါကာကွယ်ရေးနှင့်ပက်သက်၍ Hand speaker နှင့် Memory Stick များထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၆-၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင် မြို့နယ်အတွင်း IDP(camps) မိုင်းယု (ကုန်စုံ)၊ မိုင်းယုလေး၊ နမ့်ဖက်ကာနှစ်ခြင်းအသင်းတော်၊ နမ့်ဖက်ကာ နယ်မြေလေးစခန်းတစ်ခုလျှင် Hand Speaker (၁) ခု၊ Memory Stick (၁) ခုနှုန်းဖြင့် စုစုပေါင်း Hand Speaker (၄) ခု နှင့် Memory Stick (၄) ခု တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar … Read more

  • multi-purpose shelter တည်ဆောက်နေမှုနှင့် ဝန်ထမ်းအိမ်ရာ (၃) ခန်းတွဲ (၂) ထပ်တည်ဆောက်နေမှု အား သွားရောက်စစ်ဆေး မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၆-၂၀၂၀) ရက်နေ့၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ခွင့်ပြုရန်ပုံငွေဖြင့် ဘီးလင်းမြို့နယ် ဆရာစံရပ်ကွက်နှင့် ကန်သာယာရပ်ကွက်တို့တွင် multi-purpose shelter (၁)လုံးစီတည်ဆောက်နေမှုနှင့် ဦးစီးဌာန (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် သထုံခရိုင်ဦးစီးမှူးရုံး ဝန်ထမ်းအိမ်ရာ (၃) ခန်းတွဲ (၂) ထပ်တည်ဆောက်နေမှုအား သွားရောက်စစ်ဆေးကြည့်ရှုခဲ့ပါသည်။ ထို့နောက် မွန်ပြည်နယ်ဦးစီးမှူးမှ project တာဝန်ရှိသူများအား သတ်မှတ်ကာလအတွင်း သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာဖြင့် တည်ဆောက် ရန်မှာကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။ #infra_dev #mon_jun2020 Source: … Read more

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၆-၂၀၂၀) ရက်နေ့တွင် သာယာ ဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ သဲဖြူကျေးရွာ၊ ကျွဲသတ်ကြီးကျေးရွာ၊ အင်းရွာကျေးရွာ၊ သုံးဆယ်မြို့ဈေး ရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်၊ ဘုရားကြီးလမ်းရပ်ကွက်၊ အနောက်လက်ပံခုန်ရပ်ကွက်၊ အရှေ့ လက်ပံခုန်ရပ်ကွက်၊ သခွတ်ကုန်းရပ်ကွက်တို့တွင် (COVID – 19) ရောဂါ ကူးစက်ပျံ့နှံ့မှုများနှင့်ပတ်သက်၍ ပြည်သူများထံသို့ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_jun2020 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာအုပ်စု ၊စစ်ပြဲကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လောင်းလုံးမြို့နယ်၊ စစ်ပြဲ ကျေးရွာအုပ်စု၊ စစ်ပြဲကျေးရွာ၌ (၁၂-၆-၂၀၂၀) ရက်နေ့ (၂၀:၀ဝ) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စာအား (၁၃-၆-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #tny_jun2020 Source: … Read more

  • ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်အတွင်း COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၆-၂၀၂၀) ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ (၁)ရပ်ကွက်၊ (၂)ရပ်ကွက်၊ (၃)ရပ်ကွက်၊ (၄) ရပ်ကွက်၊ (၁၁)ရပ်ကွက်၊ (၁၄)ရပ်ကွက်တို့တွင် Covid-19 အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့် ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော အသိပေးကြေငြာချက်များအား ရပ်ကွက်များအတွင်း အသိပေးကြော်ငြာခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_jun2020 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူး(စကု)မြို့နယ်၊ နိဗ္ဗာန်ကျွန်းကျေးရွာအုပ်စု၊ နိဗ္ဗာန်ကျွန်းကျေးရွာ၌ (၇-၆-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ (၉) လုံး၊ အိမ်ထောင်စု (၉) စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၀၀,၀၀၀/-)၊ လူဦးရေ (၃၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆၃,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၉၆၃,၀၀၀/-) တို့အား (၈-၆-၂၀၂၀) ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

  • ဂန့်ဂေါခရိုင်အတွင်း ယာဉ် ဝင်/ထွက်နေရာများ၌ COVID-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ပရဟိတအဖွဲ့နင့် ဌာနဆိုင်ရာများဖြင့်ပူးပေါင်း၍ (၈-၆-၂၀၂၀) ရက်နေ့ (ဝ၈:၃၀) နာရီမှ (၁၇:၃၀) နာရီအချိန်ထိ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသည့် COVID-19 ရောဂါကြို တင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်း ယာဉ် ဝင်/ထွက်အတွက် စီးနင်း လိုက်ပါလာ သောခရီးသည်များအား ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပမှ ပြန်လာသူများအား စာရင်း ပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_jun2020 Source: … Read more

Sign Up

Upcoming Events