ဂန့်ဂေါခရိုင်အတွင်း ယာဉ် ဝင်/ထွက်နေရာများ၌ COVID-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ပရဟိတအဖွဲ့နင့် ဌာနဆိုင်ရာများဖြင့်ပူးပေါင်း၍ (၈-၆-၂၀၂၀) ရက်နေ့ (ဝ၈:၃၀) နာရီမှ (၁၇:၃၀) နာရီအချိန်ထိ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသည့် COVID-19 ရောဂါကြို တင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်း ယာဉ် ဝင်/ထွက်အတွက် စီးနင်း လိုက်ပါလာ သောခရီးသည်များအား ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပမှ ပြန်လာသူများအား စာရင်း ပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#mgy_jun2020

Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events