လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၆-၂၀၂၀) ရက်နေ့၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ခွင့်ပြုရန်ပုံငွေဖြင့် ဘီးလင်းမြို့နယ် ဆရာစံရပ်ကွက်နှင့် ကန်သာယာရပ်ကွက်တို့တွင် multi-purpose shelter (၁)လုံးစီတည်ဆောက်နေမှုနှင့် ဦးစီးဌာန (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် သထုံခရိုင်ဦးစီးမှူးရုံး ဝန်ထမ်းအိမ်ရာ (၃) ခန်းတွဲ (၂) ထပ်တည်ဆောက်နေမှုအား သွားရောက်စစ်ဆေးကြည့်ရှုခဲ့ပါသည်။ ထို့နောက် မွန်ပြည်နယ်ဦးစီးမှူးမှ project တာဝန်ရှိသူများအား သတ်မှတ်ကာလအတွင်း သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာဖြင့် တည်ဆောက် ရန်မှာကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။
#infra_dev
#mon_jun2020
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)