၁၂ ဇွန်၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် COVID-19 လုပ်ငန်းစဉ်တွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၊UNICEF အဖွဲ့တို့နှင့် ယနေ့မွန်းလွဲပိုင်းတွင် video conference ဖြင့် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
ထိုသို့ ညှိနှိုင်းဆွေးနွေးရာတွင် COVID-19 ကာလအတွင်း အသွားအလာကန့်သတ်ခြင်း ပြုလုပ်ထား သည့်နေရာများ၊ ထိခိုက်လွယ်သော အိမ်ထောင်စုများ နေထိုင်ရာနေရာများတွင် အခြေခံလိုအပ်ချက် များကို ကဏ္ဍပေါင်းစုံက ပူးပေါင်းဖြည့်ဆည်းပေးနိုင်ရေး ကိုနိုင်ငံတော်က ဆောင်ရွက်နေသကဲ့သို့ ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းများကလည်း ဆောင်ရွက်လျက်ရှိရာ COVID-19 တုံ့ပြန်ရေးဆိုင် ရာဆောင်ရွက်မှုများတွင် ယန္တရားတစ်ရပ်ဖော်ထုတ်ဆောင်ရွက်သွားရန် ဆွေးနွေး သဘောတူခဲ့ကြပါ သည်။
ထို့နောက် ဆက်လက်ဆောင်ရွက်မည့် အဆင့်များပါဝင်မည့် အထောက်အပံ့ ပစ္စည်းများ သတ်မှတ်ခြင်းနှင့် စံလုပ်ထုံးလုပ်နည်း (SOP) များရေးဆွဲခြင်း၊ ကဏ္ဍပေါင်းစုံစုံစမ်း အကဲဖြတ်စစ်ဆေး ခြင်းများဆောင်ရွက်ရေး၊ ထောက်ပံ့ပစ္စည်းများဖြန့်ဝေပြီးချိန် ဝန်ဆောင်မှုအကဲဖြတ်ခြင်း ဆောင်ရွက် ရေးနှင့် ၎င်းအထောက်အပံ့များကို နိုင်ငံတော်ကဆောင်ရွက်နေသည့် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများနှင့် ရေရှည်ချိတ်ဆက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#npw_jun2020
Source: MOSWRR