လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ မိုးမခလမ်း၌ (၁၂-၆-၂၀၂၀) ရက်နေ့၊ (၀၅:၄၅) နာရီအချိန် တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ဘေးသင့် လူနေအိမ် (၂) လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ(၁၁)ဦးတို့အတွက် အိမ်ဆောက် ပစ္စည်း ဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၃) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုးငွေ (၂၃,၁၀၀/-) ကျပ်နှင့် သေဆုံး သူ (၂) ဦးတို့အတွက် သေဆုံးထောက်ပံ့ငွေ (၆၀၀,၀၀၀/-) ကျပ်တို့အား (၁၂-၆-၂၀၂၀) ရက်နေ့ (၁၅:၃၀) နာရီအချိန်၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#ygn_jun2020
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)