Author Archives: Hlaing ChoOo

  • လားရှိုးမြို့၊ မန်ဆူရှမ်းဘုန်းကြီးကျောင်းသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၆-၃-၂၀၁၇) ရက်နေ့တွင် လောက်ကိုင်ဒေသ၌ဖြစ်ပွားသော စစ်ပွဲကြောင့် လားရှိုးမြို့၊ မန်ဆူရှမ်းဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိနေသော တိုက်ပွဲရှောင်ပြည်သူ (၁၂၁၈) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ထောက်ပံ့ငွေ (၂,၅၅၇,၈၀၀) ကျပ်၊ ဆီဖိုးထောက်ပံ့ငွေ (၄၈၆,၀၀၀) ကျပ်နှင့် ငါးသေတ္တာဖိုးထောက်ပံ့ငွေ (၂၉၁,၆၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃,၃၃၅,၄၀၀) ကျပ်တို့အား (၁၀-၃-၂၀၁၇) ရက်နေ့တွင် တာဝန်ရှိသူများနှင့်အတူ မန်ဆူရှမ်းဘုန်းကြီးကျောင်း၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည္။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ကဆရ)  

  • ရပ်ရွာအခြေပြု ပြည်သူလူထုပူးပေါင်းပါဝင်သော သဘာဝဘေးလျော့ပါးရေးသင်တန်းဖွင့်လှစ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)နှင့် FREDA အဖွဲ့တို့ပူးပေါင်း၍ ရပ်ရွာအခြေပြု ပြည်သူလူထုပူးပေါင်းပါဝင်သော သဘာဝဘေးလျော့ပါးရေးသင်တန်းအား ဘေးဖြစ်နိုင်ခြေများသည့် ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီးကျေးရွာအုပ်စု၊ ဘင်္ဂလားကျေးရွာ၌ ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး အဆိုပါသင်တန်း၌ ကြိုတင်ပြင်ဆင်ကာကွယ်ရေး၊ မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း၊ Table Top Exercise သရုပ်ပြလေ့ကျင့်မှုနှင့် ဆောင်ရန်/ရှောင်ရန်များ၊ လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများလည်းဝေငှပေးခြင်းတို့အားဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ တက်ရောက်သူဦးရေ (၂၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source:            ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ဘေးအန္တရာယ်လျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)မှ တာဝန်ရှိသူများသည် (၉-၃-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ စံကင်းကျေးရွာအုပ်စု၊ ပက်တန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးလျော့ပါးရေး အသိပညာပေးလက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများဖြန့်ဝေပေးခြင်းနှင့် DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်းလမ်းများအား ရှင်းလင်းပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၀၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source:            ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ဘေးအန္တရာယ်လျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)မှ တာဝန်ရှိသူများသည် (၉-၃-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ဆင်ထုံးကျေးရွာအုပ်စု၊ ကြိမ်ပင်ဆယ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးလျော့ပါးရေး အသိပညာပေးလက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများဖြန့်ဝေပေးခြင်းနှင့် DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်းလမ်းများအား ရှင်းလင်းပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၇၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source:            ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • ကလေးမြို့နယ်၊ ခုံသာကျေးရွာအုပ်စု၊ (၅၆) မိုင်ကျေးရွာ၌ မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကလေးမြို့နယ်၊ ခုံသာကျေးရွာအုပ်စု၊ (၅၆) မိုင်ကျေးရွာ၌ (၄-၃-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် မီးဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀) ကျပ်နှင့် လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၅,၄၀၀) ကျပ်တို့အား (၇-၃-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:            ကလေးခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • လေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)တာဝန်ရှိသူများသည် ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာအုပ်စု၊ ရွှေပြည်ရွာ၊ ရွှေပြည်သစ်ရွာ၊မဲတောင်သာစည်အုပ်စု၊သာစည်ရွာနှင့် တောင်ဘွယ်ရွာတို့တွင် (၆-၃-၂၀၁၇) ရက်နေ့၌ လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လုံးဝပျက်စီးအိမ် (၁၃) လုံး၊ အမိုးလန် (၁၅) လုံး၊ အိမ်ထောင်စု (၂၈) စုမှ ကျား (၆၂) ဦး၊ မ (၇၈) ဦး၊ စုစုပေါင်း (၁၄၀) ဦးလေဘေးသင့်ခဲ့ပါသည်။ အဆိုပါ လေဘေးသင့်ပြည်သူများအတွက် အိမ်ထောင်စု(၁၃) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ထောင်စု(၁၅) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊အိမ်ဆောက်ပစ္စည်းဖိုးငွေ … Read more

  • ယန်းကျိန်ကျေးရွာ၌ မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုင်းတုံမြို့နယ်၊ ယန်းကျိန်ကျေးရွာအုပ်စု၊ ယန်းကျိန်ကျေးရွာ၌ (၈-၃-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် မီးဘေးသင့်အိမ်ထောင်စု (၁) စု၊ လူဦးရေ (၁) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၃) ရက်စာ (၉၀၀) စုစုပေါင်း (၁၀၀,၉၀၀) ကျပ်တို့အား (၈-၃-၂၀၁၇) ရက်နေ့တွင် အချိန်နှင့်တပြေးညီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:          ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ကဆရ)  

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၄-၃-၂၀၁၇) ရက်နေ့တွင် သရက်ချောင်းမြို့နယ်၊ မော်ရှည်ကုန်း ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအသိပညာပေးခဲ့ပြီး သဘာဝဘေးဆောင်ရန်/ရှောင်ရန်များအား လက်တွေ့သရုပ်ပြခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် တက်ရောက်သူ (၃၅၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source:            တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၄-၃-၂၀၁၇) ရက်နေ့တွင် သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအသိပညာပေးခဲ့ပြီး ကလေးများနှင့်အတူ သဘာဝဘေးဆောင်ရန်/ရှောင်ရန်များအား လက်တွေ့ သရုပ်ပြခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် တက်ရောက်သူ (၄၅၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source:            တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၃-၃-၂၀၁၇) ရက်နေ့တွင် သရက်ချောင်းမြို့နယ်၊ သင်းကျွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအသိပညာပေးခဲ့ပြီး ကလေးများနှင့်အတူ သဘာဝဘေးဆောင်ရန်/ရှောင်ရန်များအား လက်တွေ့ သရုပ်ပြခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် တက်ရောက်သူ (၃၀၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source:            တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events