ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၃-၃-၂၀၁၇) ရက်နေ့တွင် သရက်ချောင်းမြို့နယ်၊ သင်းကျွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအသိပညာပေးခဲ့ပြီး ကလေးများနှင့်အတူ သဘာဝဘေးဆောင်ရန်/ရှောင်ရန်များအား လက်တွေ့ သရုပ်ပြခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် တက်ရောက်သူ (၃၀၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။
Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)