Author Archives: Hlaing ChoOo

  • မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဟိုပုံးမြို့နယ်၊ နောင်တောင်းပရဟိတဘုန်းတော်ကြီးကျောင်းအတွင်းရှိ အမျိုးသမီးဆောင် (၅) ဆောင် မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါ မီးဘေးသင့် အမျိုးသမီးဆောင် (၅) ဆောင်အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀) ကျပ်အား (၁၀-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)  

  • မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၁၇) ရက်နေ့၊ နံနက် (၀၃:၀၀) နာရီအချိန်တွင် မိုင်းခတ်မြို့နယ်၊ ဖာလံကော်ကျေးရွာအုပ်စု၊ ဝမ်လုံးကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ထောင်စု (၆) စုမီးဘေးသင့်ခဲ့ပါသည်။ အဆိုပါ မီးဘေးသင့်အိမ်ထောင်စု (၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၂၀၀,၀၀၀) ကျပ်နှင့် လူဦးရေ ကျား (၁၆) ဦး၊ မ (၁၇) ဦး၊ စုစုပေါင်း (၃၃) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇) ရက်စာ (၆၉,၃၀၀) … Read more

  • လေဘေးကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၁၇) ရက်နေ့တွင် မြိတ်ကမ်းနားလမ်းတစ်လျှောက်သို့ သွားရောက်၍ လေဘေးကြိုတင်ကာကွယ်ရေး ပြည်သူသို့ပန်ကြားချက် လက်ကမ်းစာစောင်များအား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၁၇) ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ အထက်စည်းမောင်းကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ သွပ်မိုး ဝါးခင်း ဝါးကာ နေအိမ် (၁)လုံးနှင့် ဓနိမိုး ဝါးခင်း ဝါးကာ နေအိမ် (၁) လုံး မီးလောင်ဆုံးရှုံးခဲ့ပါသည်။ အဆိုပါ မီးဘေးသင့်အိမ်ထောင်စု (၂) စုမှ ကျား (၃) ဦး၊ မ (၄) ဦး စုစုပေါင်း (၇) ဦး မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါ အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း … Read more

  • လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက်များနှင့် ဘေးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြောမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၁၇) ရက်နေ့တွင် ဘားအံမြို့နယ်၊ ကော့မူးဒါကျေးရွာ၌ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ ပန်ကြားချက်များအား ကျေးရွာပြည်သူလူထုများထံသို့ ဖြန့်ဝေပေးခြင်း၊ မုန်တိုင်းဘေး၊ လေဘေး၊ မိုးကြိုးဘေးအန္တရာယ်များအကြောင်းရှင်းလင်းပြောကြားခြင်း၊သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်းများအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျေးရွနေပြည်သူလူထု စုစုပေါင်း (၁၅၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • လေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူး၊ လေးမျက်နှာမြို့နယ်မှတာဝန်ရှိသူများ၊ လူမှုဖွံံ့ဖြိုးတိုးတက်ရေးအသင်းမှ တာဝန်ရှိသူများလိုက်ပါလျက် လေးမျက်နှာမြို့နယ်၊ ကွမ်းခြံကုန်းအုပ်စု၌ (၄-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ကွမ်းခြံကုန်းအုပ်စုအတွင်းရှိ လေဘေးသင့်ခဲ့သော နေအိမ်များအတွက် လုံးဝပြိုကျနေအိမ်(သစ်)(၆) လုံးအတွက် (၁,၂၀၀,၀၀၀) ကျပ်၊ လုံးဝပြိုကျအိမ် (ဝါး) (၁၄) လုံးအတွက်(၁,၄၀၀,၀၀၀) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ် (၇၂) လုံးအတွက် (၇,၂၀၀,၀၀၀) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီး ဘုန်းကြီးကျောင်းအတွက် (၁၀၀,၀၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၉,၉၀၀,၀၀၀) ကျပ်နှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမှလည်း ကွမ်းခြံကုန်းအုပ်စု … Read more

  • လေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ပိန္နဲကွင်းကျေးရွာအုပ်စု၊ တောင်ဇင်းကျေးရွာနှင့် ဂွက်ကြီးကျေးရွာတို့၌ (၄-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော လေဘေးကြောင့် လေဘေးသင့်ခဲ့သော အိမ်ထောင်စု (၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၃,၁၀၀) ကျပ်တို့အား (၇-၄-၂၀၁၇) ရက်နေ့တွင် အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး … Read more

Sign Up

Upcoming Events