Author Archives: Hlaing ChoOo

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်လောက်ကိုင်ဒေသ၌ (၆-၃-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များကြောင့် သေဆုံးခဲ့သော ရဲတပ်ဖွဲ့ဝင် (၃) ဦး အတွက် တစ်ဦးလျှင် (၃၀၀,၀၀၀) နှုန်းနှင့် ဒဏ်ရာရ (၃) ဦးအတွက် တစ်ဦးလျှင် (၅၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၁,၀၅၀,၀၀၀) ကျပ်တို့အား (၂၅-၄-၂၀၁၇) ရက်နေ့တွင် တာဝန်ရှိသူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ကဆရ)  

  • လေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဗားကျေးရွာမှ အိမ်ခြေ (၅) အိမ်၊ ဆူခွာရ်ကျေးရွာမှ အိမ်ခြေ (၂) အိမ်၊ ဇိုခွားကျေးရွာမှ အိမ်ခြေ (၂) အိမ်နှင့် ဘာသာရေးကျောင်း (၁) ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ စုစုပေါင်း (၁,၀၀၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးနှင့် (၂၅-၄-၂၀၁၇) ရက်နေ့၌လည်း ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ လုံသာရ်ကျေးရွာမှ လေဘေးသင့် အိမ်ထောင်စု (၃) စု၊ … Read more

  • သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချ ထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ် (၁၂) ရပ်ကွက်တွင် သဘာဝဘေးလျော့ပါးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၂၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၁၇) ရက်နေ့ တွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လေဘေးသင့်ခဲ့သော မော်လိုက်မြို့နယ်၊ ကြာအင်းစံပြကျေးရွာနှင့် မှန်ပင်ကျေးရွာအုပ်စု၊ တောင်တွင်းကျေးရွာရှိ အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၂) အိမ်ထောင်စာနှင့် ထောက်ပံ့ငွေ (၈၀,၀၀၀) ကျပ်တို့အား (၂၅-၄-၂၀၁၇) ရက်နေ့တွင် မြို့နယ်ထွေအုပ်ခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်အတွင်း လေဘေးဖြစ်ပွားမှုအတွက် ကူညီထောက်ပံ့မှုများဆောင်ရွက်ခဲ့မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန၊ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ် လွယ်ပါရင် (၂) ကျေးရွာ၊ မယ်ကြုတ်ကျေးရွာ၊ မဟုန်ကန်ကျေးရွာ၊ အဟုန်လွယ်ကျေးရွာ၊ ဖားမိုက်ကျေးရွာနှင့် ဟွေဖော်ကျေးရွာတို့၌  (၂၂- ၄ -၂၀၁၇) ရက်နေ့နှင့် (၂၃- ၄-၂၀၁၇) ရက်နေ့များတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၆၅) လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်း အမိုးလန်ပျက်စီးခဲ့ပါသည်။ အဆိုပါဘေးဖြစ်ပွားမှုအတွက် တန်ဖိုးငွေ (၅၂၈,၄၅၀) ရှိ ကယ်ဆယ်ရေးပစ္စည်း (၆၅) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းနှင့် ကျောင်းဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ … Read more

Sign Up

Upcoming Events