Author Archives: Hlaing ChoOo
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ် ဆင်ဘိုမြို့၊ မံဖွားကျေးရွာ၊ ညောင်ပင်သာကျေးရွာနှင့် တာဟိုးနားကျေးရွာတို့တွင် (၅-၅-၂၀၁၇)ရက်နေ့တွင် ဖြစ်ပွားသော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်အိမ်ခြေ (၃၅) လုံး အိမ်ထောင်စု (၃၅) စု လူဦးရေ (၁၇၆) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၄) မျိုး ဆန််ရိက္ခာဖိုးငွေ (၃၆၉,၆၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၅၀၀,၀၀၀) ကျပ် ထောက်ပ့ံမှုအခမ်းအနားကို ဆင်ဘိုမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုးံ၌ (၉-၅-၂၀၁၇) ရက်နေ့ (၁၅:၃၀) နာရီအချိန်တွင် ကျင်းပခဲ့ရာ အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အမှတ် (၁) ဗျူဟာမှူး ဗို်လ်မှူးကြီး … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ်၊ ဆားကျင်းကျေးရွာ၌ (၂၉-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၂၄) လုံးနှင့် လူဦးရေ (၅၄) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့် ဆန်ဖိုးထောက်ပံ့ငွေ (၁,၇၉၇,၄၀၀)ကျပ်တို့အား (၉-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၇) ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ တောင်ရင်ကျေးရွာအုပ်စု၊ ပြင်ဖြူမော်ကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို (၁၃:၀၀) နာရီအချိန်မှ (၁၅:၃၀) နာရီအချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျေးရွာနေပြည်သူ (၁၂၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးပြည်သူသို့ပန်ကြာချက် ဗွီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ရန်ကုန်-ပြည် ကားလမ်းဘေး ယောလမ်းနှင့် ဂုံးလမ်းမီးပွိုင့်လမ်းဆုံတွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး ပြည်သူသို့ပန်ကြားချက် ဗွီနိုင်းဆိုင်း ဘုတ်စိုက်ထူပြီးဖြစ်ကြောင်းနှင့် အုတ်ဖိုမြို့နယ် ထွေအုပ်ဦးစီးဌာနသို့ သွားရောက်ကာ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများမှတစ်ဆင့် ကျေးရွာနေပြည်သူများထံ လက်ဆင့်ကမ်းဖြန့်ဝေနိုင်ရန်အတွက် အဆိုပါပန်ကြားချက် လက်ကမ်းစားစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၁၇) ရက်နေ့ ညနေပိုင်းမှစတင်၍ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဗလဗကျေးရွာအုပ်စု၊ ဗလဗကျေးရွာ၌ မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ရာ အဆိုပါ ကမ်းပါးပြိုကျမှုကြောင့် ရွှေ့ပြောင်းအိမ်ခြေ (၁၉) လုံး၊ အိမ်ထောင်စု (၁၉) စု၊ လူဦးရေ (၁၀၀) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၉၀၀,၀၀၀)ကျပ် ၊ ဆန်ရိက္ခာဖိုးငွေ (၂၁၀,၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးတို့အား ပခုက္ကူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများနှင့်အတူ ဗလဗကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့နယ်၊ စာဝတီးကျေးရွာတွင် (၂၆-၄-၂၀၁၇) ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်ခဲ့မှုကြောင့် အိမ်ထောင်စု (၂) စု အမိုးလန် ပျက်စီးခဲ့ပါသည်။ အဆိုပါ ဘေးသင့်အိမ်ထောင်စု(၂) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုငွေ (၁) အိမ်လျှင် (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၂၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၆,၈၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၆,၈၀၀) ကျပ်တို့အား (၄-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မိုးကြိုးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ ကဟန်းကျေးရွာအုပ်စု၊ တောင်ဖီလာကျေးရွာ၌ (၂၈-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မိုးကြိုးဘေးကြောင့် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်အား (၄-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၁၇) ရက်နေ့တွင် အိမ်မဲမြို့၊ ခတ္တိယကျေးရွာအုပ်စု၊ ခတ္တိယကျေးရွာမှ ကျေးရွာပြည်သူလူထု(၁၀၀) ဦးအား သဘာဝဘေးနှင့်ပတ်သက်၍ ဘေးမဖြစ်ခင် ဖြစ်နေစဉ် ဖြစ်ပြီး လုပ်ဆောင်ရမည့်အချက်များအား အသိပညာပေးခြင်း၊ ဦးစီးဌာနလုပ်ငန်းဆောင်ရွက်ချက်များအားရှင်းလင်းပြောကြားခြင်း၊ DAN Mobile Application အသုံပြုပုံ/အသုံးပြုနည်းများအားရှင်းလင်းပြောကြားခြင်း၊ ဘေး (၈) မျိုးလက်ကမ်းစာစောင်များ ဝေဌခြင်းနှင့် ဘေး (၉) မျိုးပါ ပိုစတာ ဝေဌပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန လပွတ္တာခရိုင်ဦးစီးးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၄-၅-၂၀၁၇) ရက်နေ့ တွင် လပွတ္တာမြို့နယ်အတွင်းရှိ ကျေးရွာများမှ လပွတ္တာမြို့၊ ဓမ္မိကာရုံကျောင်း၌ Mercy Corps မှ ဖွင့်လှစ်သော အခြေခံစက်ပြုပြင်သင်တန်းအပတ်စဉ် (၆) တွင် တက်ရောက်လျက်ရှိသော သင်တန်းသား (၇၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပြီး နံရံကပ်ပိုစတာများဝေငှပေးခြင်းတို့အား ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကမ်းပြိုဘေးကြိုတင်ရွှေ့ပြောင်းအိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်၊ သူဋေးချောင်းကျေးရွာအုပ်စု၊ ဝက်လွတ်ကျေးရွာမှ ကမ်းပြိုဘေးကြိုတင်ရွှေ့ပြောင်း အိမ်ထောင်စု (၇) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး(၇) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁) အိမ်လျှင် (၁၀၀,၀၀၀) နှုန်းဖြင့် (၇၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၃၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၇၅,၆၀၀) ကျပ်တို့အား (၄-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
