လေဘေးထောက်ပံ့မှုသတင်း

10-Pic02
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ် ဆင်ဘိုမြို့၊ မံဖွားကျေးရွာ၊ ညောင်ပင်သာကျေးရွာနှင့် တာဟိုးနားကျေးရွာတို့တွင် (၅-၅-၂၀၁၇)ရက်နေ့တွင် ဖြစ်ပွားသော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်အိမ်ခြေ (၃၅) လုံး အိမ်ထောင်စု (၃၅) စု လူဦးရေ (၁၇၆) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၄) မျိုး ဆန််ရိက္ခာဖိုးငွေ (၃၆၉,၆၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၅၀၀,၀၀၀) ကျပ် ထောက်ပ့ံမှုအခမ်းအနားကို ဆင်ဘိုမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုးံ၌ (၉-၅-၂၀၁၇) ရက်နေ့ (၁၅:၃၀) နာရီအချိန်တွင် ကျင်းပခဲ့ရာ အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အမှတ် (၁) ဗျူဟာမှူး ဗို်လ်မှူးကြီး ဦးအောင်မျိုးသန့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူမြင့်က ထောက်ပ့ံမှုနှင့် စပ်လျဉ်း၍ရှင်းလင်းပြောကြားခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်းနှင့် ငွေများထောက်ပ့ံပေးအပ်ခဲ့ပါသည်။ ထို့နောက် မြို့အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းကျော်မှ နိဂုံးချုပ်ကျေးဇူးတင်စကားပြောကြားခဲ့ကာ အခမ်းအနားကို (၁၇:၀၀)အချိန်တွင်ရုပ်သိမ်းခဲ့ပြီး ဘေးသင့်ပြည်သူများအား လက်ကမ်းစာစောင်များနှင့် လေပြင်းဘေးသတိပေးချက်များကို ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events