Author Archives: Hlaing ChoOo

  • လေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အုတ်သျှစ်ကုန်းကျေးရွာအုပ်စု၊ ကျွန်းကုန်းကျေးရွာ၊ ရှမ်းကုန်းကျေးရွာအုပ်စု၊ အိမ်တိုင်ပုံကျေးရွာတို့တွင် (၁၉-၅-၂၀၁၇) ရက်နေ့နှင့် (၂၀-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၁၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၁၅၉,၀၀၀) ကျပ်၊ ပြိုလဲနေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး ကတ္တူပုံးပါ၊ (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၁၂,၆၀၀) … Read more

  • လေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ်၊ ပင်လောင်းကျေးရွာအုပ်စု၊ ပင်လောင်းကျေးရွာ၌ (၁၉-၅-၂၀၁၇) ရက်နေ့တွင် တိုက်ခတ်ခဲ့သော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်ခဲ့သော ပြိုကျအိမ်ခြေ (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးအိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် အမိုးလန်အိမ်ခြေ (၅) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ (၆) အိမ်ထောင်စာ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၅၀,၀၀၀) ကျပ်နှင့် လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၂၁,၀၀၀) ကျပ်တို့အား (၂၆-၅-၂၀၁၇) ရက်နေ့တွင် … Read more

  • လေဘေးထောက်ပံ့မှုသတင်းနှင့် လေပြင်းဘေးကြိုတင်ကာကွယ်ရေးသတိပေးချက် လက်ကမ်းစာစောင်များ ဖြန့်ဝေမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းဖြတ်မြို့နယ်အတွင်း မိုင်းဖြတ်အုပ်စု၊ ဝမ်နောင်ကျေးရွာ၌ (၂၄-၅-၂၀၁၇) ရက်နေ့တွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၇,၀၀၀) ကျပ်နှင့် ဝမ်ပုံကျေးရွာအတွင်းရှိ အမိုးနှင့် ဒိုင်းများလန်နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်တို့အား (၂၅-၅-၂၀၁၇) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပြီး လေပြင်းဘေးကြိုတင်ကာကွယ်ရေးသတိပေးချက် လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၁၇) ရက်နေ့တွင် ထန်းတပင်မြို့နယ်၊ စံကင်းကြီးကျေးရွာ (ဘောလယ်ကျွန်း) သို့ သွားရောက်၍ သဘာဝဘေးအန္တရာယ်နှင့်ဆိုင်သော အသိပညာများဟောပြောပို့ချခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျေးရွာနေပြည်သူ (၇၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောဆွေးနွေးမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဘီလင်းမြို့နယ် သဘာဝဘေးအန္တရာယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တို့သည် ယခင်နှစ်က လေပြင်းဘေးကြုံတွေ့ခံစားနေရသည့် ဘီးလင်းမြို့၊ ပေါက်တောကျေးရွာတွင် (၂၅-၅-၂၀၁၇) ရက်နေ့ (၁ဝးဝ၀) နာရီအချိန်တွင် အဆိုပါ ကျေးရွာများမှ ပြည်သူလူထု (၂၅၀) ခန့်အား သဘာဝဘေးနှင့်ပတ်သက်သည့် ရှောင်ရန်/ဆောင်ရန်များအား အသိပညာများပေးခြင်း၊ အသိပညာပေးဗွီဒီယိုပြသခြင်း လက်ကမ်းစာစောင်များဝေငှပေးခြင်း ၊ ပိုစတာများပေးအပ်ခြင်း၊ လေပြင်းကြိုတင်ကာကွယ်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက်စာစောင်များဝေငှပေးခြင်းနှင့် ဗီနိုင်းစိုက်ထူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး(ကဆရ)  

  • ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းဖွင့်လှစ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Plan International Myanmar တို့နှင့်ပူးပေါင်း၍ မြစ်ကြီးနားမြို့၊ ဂါလီလဲကန့်တွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီစွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းကို (၂၄-၅-၂၀၁၇) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ (၃) ရက်တာ ကြာမြင့်မည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား (၅၀) ဦးတက်ရောက်ခဲ့ပါသည်။ သင်တန်းတွင် ပြည်နယ်ကျန်းမားရေး၊ ပြည်နယ်မိုးဇလ၊ မြန်မာနိုင်ငံမီးသတ်နှင့် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ သင်ခန်းစာများ ပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် DAN နှင့် KOBO Mobile Application အသုံးပြုပုံ/အသုံးပြုနည်းများအား ရှင်းလင်းပြောကြားခဲ့ပြီး … Read more

  • သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၅-၂၀၁၇) ရက်နေ့တွင် မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ ရှမ်းချောင်းကြီးကျေးရွာ၌ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် အကြောင်းအရာများအား ဆွေးနွေးဟောပြောခြင်း၊ ဆောင်ရန်/ရှောင်ရန်များအားပြောကြားခြင်း၊ လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများနှင့် ဆပ်ပြာမှုန့်ထုပ်များအား ဝေငှပေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၀၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)  

  • မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့နယ်၊ သဲချောင်း (ဘင်္ဂလီ) ကျေးရွာ၌ (၂၃-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၁၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁,၁၀၀,၀၀၀)ကျပ်နှင့် လူဦးရေ (၇၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၁၅၃,၃၀၀) ကျပ်၊ စုစုပေါင်း (၁,၂၅၃,၃၀၀) ကျပ်တို့အား စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အတူ (၂၄-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ) … Read more

  • လေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကိုင်းကျေးရွာ၌ (၂၁-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၃) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀,၀၀၀) ကျပ်တို့အား (၂၄-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပင်လုံရပ်ကွက်၊ ကန်သာယာလမ်း တွင် (၂၂-၅-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် သစ်သားအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုအတွက်  ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး Family Kits (၂) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀,၀၀၀)ကျပ်၊ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၈,၄၀၀)၊ စုစုပေါင်းရန်ပုံငွေ(၄၀၈,၄၀၀) အား (၂၃-၅-၂၀၁၇)ရက်နေ့တွင် မီးဘေးသင့်ပြည်သူများလက်ဝယ်အရောက် … Read more

Sign Up

Upcoming Events