Author Archives: Hlaing ChoOo

  • ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သင်္ကန်းပင်ဆိပ်ကျေးရွာအုပ်စု၊ သောင်ယာကျေးရွာ၌ (၁၈-၆-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် သစ်ပင်ပိ၍ ပြိုကျပျက်စီးခဲ့သည့် သစ်သားနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးအတွက်  Family Kits (၂၂) မျိုးပါ (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာ(၁၀၅၀၀)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၂၁၀,၅၀၀) ကျပ်တို့အား (၂၀-၆-၂၀၁၇) ရက်နေ့တွင် … Read more

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကောင်းမြို့နယ်၊ မရမ်းကျေးရွာ၌ (၁၂-၆-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် သစ်ပင်ပိ၍ သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်အားလည်းကောင်း၊မိုးကောင်းမြို့နယ်၊ ဆီးဒီယံကျေးရွာအုပ်စု၊ ဆီးဒီယံကျေးရွာ၌ (၁၃-၆-၂၀၁၇) ရက်နေ့တွင် မိုင်းနင်းမိ၍ သေဆုံးသူ (၂) ဦးအတွက် တစ်ဦးလျှင် (၃၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၆၀၀၀၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၉၀၀,၀၀၀) ကျပ်တို့အား မိုးညှင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်အတူ (၂၀-၆-၂၀၁၇) ရက်နေ့တွင် သေဆုံးသူ၏ မိသားစု ဝင်များထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ်အများဆုံးထိခိုက်ခံစားခဲ့ရသည့် အမရပူရ မြို့နယ်အတွင်းရှိ အ.မ.က၊ ဆေးအိုးဖိုနှင့် အ.မ.က၊ဖရဲကျွန်းတို့တွင် ကျောင်းသားကျောင်းသူများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘများနှင့် ဆရာ၊ဆရာမများစုစုပေါင်း အင်အား (၁၅၀)ခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း၊ တက်ရောက်လာသူများအား တက်ကြွစွာ ပူးပေါင်းပါဝင်ဆွေးနွေးစေခြင်း၊ ကလေးငယ်များအတွက် ကျောင်းသုံးဗလာစာအုပ်များ ဝေငှပေးခြင်း၊ ကျောင်းသားလူငယ်များအား သဘာဝဘေးအသိပညာပေးပုံပြင်များပြောပြခြင်း၊ ကလေးငယ်များနှင့်အတူ သဘာဝဘေးအသိပညာပေး သရုပ်ပြကစားခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ပိုစတာများပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:            မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    (၂၀-၆-၂၀၁၇) ရက်နေ့တွင် ဥတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာအုပ်စု၊ လဲဝန်းကျေးရွာ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သော သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားတွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများမှ ကျေးရွာပြည်သူလူထု (၈၀) ဦးခန့်အား သဘာဝအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ပိုစတာများ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:            ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)

  • ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ နောင်ကန်ကျေးရွာအုပ်စု၊ မံနားကျေးရွာတွင် (၁၇-၆-၂၀၁၇) ရက်နေ့၌ ရေထဲမျောပါ ပြိုလဲနေအိမ် (၂) လုံးအတွက် Family Kits (၂) ပုံးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်တို့အား (၂၀-၆-၂၀၁၇) ရက်နေ့တွင် ဗန်းမောက်မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:         ကသာခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်၍ (၁၉-၆-၂၀၁၇) ရက်နေ့တွင် အ ထ က (၄) (သထုံ) တွင် ကျောင်းသား၊ ကျောင်းသူ (၄၂၀) ဦးအား သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့်အကြောင်းအရာများ အား ဆွေးနွေးဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ပိုစတာများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:            သထုံခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံတွဲ မြို့နယ်၊ ဆင်ခေါင်းကျေးရွာအုပ်စု၊ ညောင်ခြေထောက်ကျေးရွာ၌ (၁၁-၆-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွား ခဲ့သော လေဆင်နှာမောင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်ခဲ့သော လုံးဝပျက်စီးနေအိမ် (၁) လုံးအတွက် ပလပ်စတစ် ပုံးပါ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ် (၁၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး  (၁၃) အိမ်ထောင်စာ၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၆၅၀,၀၀၀) ကျပ်၊ လူဦးရေ (၆၄) … Read more

  • လက်တွေ့ကျပြီးအကျိုးဖြစ်ထွန်းသည့် လူငယ်မူဝါဒဖြစ်စေရေး ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးမှာကြား

    နေပြည်တော်၊ ၁၉-၆-၂၀၁၇ မြန်မာနိုင်ငံလူငယ်မူဝါဒရေးဆွဲရေးဆိုင်ရာ ကော်မတီကရေးဆွဲခဲ့သော မူဝါဒအကြမ်းပေါ်ပေါက်ရေး လုပ်ငန်း ကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ Hotel Max ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံလူငယ်ထုဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းရည်မြှင့်တင်ရေးနှင့် ပါဝင်နိုင်မှုကဏ္ဍ တိုးမြှင့်ရေးအတွက် လူငယ်မူဝါဒအမြန်ဆုံးပေါ်ထွက်ရန် လိုအပ်ပါကြောင်း၊ မူဝါဒရေးဆွဲရာတွင် အခက်အခဲများ၊ စိန်ခေါ်မှုများ ကြုံတွေ့ရမည်ဖြစ်သော်လည်းလူငယ်များအပါအဝင် အားလုံးဒေသအဖွဲ့ဝင်များ စည်းလုံးညီညွတ် စွာဖြင့် အတူအကွ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်းပြောကြားပါသည်။ ဆက်လက်၍ လူငယ်မူဝါဒရေးဆွဲရေးဆိုင်ရာ UN … Read more

  • ဘားအံမြို့နယ်၊ ဝဲကရင်ကျေးရွာ၌ မီးဘေးထောက်ပံ့မှုသတင်း

    ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဝဲကရင်ကျေးရွာ၌ (၁၆-၆-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် နေအိမ် (၁) လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး လူ (၁) ဦးသေဆုံးကာ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦး ဘေးဒုက္ခခံစားခဲ့ရပါသည်။ အဆိုပါ မီးဘေးအတွက် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများမှ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာ၊ Family Kit (၁) စုံနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်၊သေဆုံးသူတစ်ဦးအတွက် ထောက်ပ့ံငွေ (၃၀၀,၀၀၀) ကျပ်နှင့် … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၆-၂၀၁၇) ရက်နေ့တွင် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာ မုန်တိုင်းဒဏ်ခံအဆောက်အဦ၌ ကျေးရွာနေပြည်သူများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၁၅၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများဝေငှပေးခြင်းနှင့် ဦးစီးဌာနမှထုတ်ဝေသည့် သဘာဝဘေးအသိပညာပေး ဗီနိုင်းများအား လူစည်ကားသောနေရာများ၌ ချိတ်ဆွဲရန် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:            လပွတ္တာခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events