ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

20 Pic 02 20 Pic 03ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံတွဲ မြို့နယ်၊ ဆင်ခေါင်းကျေးရွာအုပ်စု၊ ညောင်ခြေထောက်ကျေးရွာ၌ (၁၁-၆-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွား ခဲ့သော လေဆင်နှာမောင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်ခဲ့သော လုံးဝပျက်စီးနေအိမ် (၁) လုံးအတွက် ပလပ်စတစ် ပုံးပါ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ် (၁၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး  (၁၃) အိမ်ထောင်စာ၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၆၅၀,၀၀၀) ကျပ်၊ လူဦးရေ (၆၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၃၄,၄၀၀) ကျပ်တို့အားလည်းကောင်း၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာအုပ်စု၊ ဆင်ခေါင်းကျေးရွာ (မော်ဖျား) ကျေးရွာ၌ (၁၄-၆-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်ခဲ့သော တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၁၅) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၁၅) အိမ်ထောင်စာ၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၂၉၅,၀၀၀) ကျပ်၊ လူဦးရေ (၆၉) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၁၄၄,၉၀၀) ကျပ် အား လည်းကောင်း၊ သံတွဲမြို့နယ်၊ ပျဉ်းမခုံကျေးရွာအုပ်စု၊ ဇရစ်မြောင်ကျေးရွာ၌ (၁၄-၆-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော တစ်စိတ်တစ်ပိုင်းပျက်စီး ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်အားလည်းကောင်း၊ သံတွဲမြို့နယ်၊ မျောဝမ်းကျေးရွာ၌ (၂၆-၅-၂၀၁၇) ရက်နေ့၌ မိုးကြိုးထိမှန် သေဆုံးသူအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်တို့အား (၁၉-၆-၂၀၁၇) ရက်နေ့တွင် သံတွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:            ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events